မင်းရဲ့ စိတ်ကူးအိမ်မက်တွေတကယ်ဖြစ်လာဖို့ရှိလား

မင်းရဲ့ စိတ်ကူးအိမ်မက်တွေတကယ်ဖြစ်လာဖို့ရှိလား



Pile - 1.
မင်းရဲ့ စိတ်ကူးအိမ်မက်တွေကတော့ အမှန်တကယ်ဖြစ်လာဖို့ ရှိပါတယ်နော် ။ ဒါပေမဲ့ အခုတော့မဟုတ်သေးဘူး ကြာအုံးမယ် ။ ဆက်ကြိုးစားပါ မင်းက အနာဂတ်မှာ မင်းရဲ့မိသားစု ၊ မင်းကို မှီခိုနေတဲ့ပတ်ဝန်းကျင်အတွက် အားကိုးရတဲ့လူတစ်ယောက်ဖြစ်လာဖို့ ရှိပါတယ် ။ မင်းမှာ အလုပ်ကြိုးစားချင်တဲ့စိတ်နဲ့ ကူညီပေးချင်တဲ့စိတ် ၊‌ အောင်မြင်ချင်တဲ့ စိတ်တွေရှိနေတာကို တွေ့ရတယ် ။ အဲ့အတွက်ကြောင့် မင်းရဲ့ ဖြစ်ချင်တဲ့ စိတ်ကူးအိမ်မက်တွေကိုတော့ ကြိုးစားပြီးအကောင်အထည်ဖော်ဖို့ လိုမယ် ။ အခုလက်ရှိထက်ပိုပြီး တည်ငြိမ်ရမယ် ၊ ပြတ်သားရမယ် ၊ လူကြီးဆန်ရမယ် ။ ဒါဆိုရင်တော့ မင်းရဲ့ဘဝ ပိုပြီးအဆင်ပြေလာလိမ့်မယ် ။ မင်းရဲ့ စိတ်ကူးအိမ်မက်တွေနဲ့လည်း နီးစပ်လာပါလိမ့်မယ်.......
“အနာဂတ်မှာ မင်းရဲ့ လူကြီးဆန်ပြီး ရင့်ကျတ်တဲ့ ပုံစံကို မြင်ရတယ် ။ အလုပ်တွေလည်း ကြိုးစားလုပ်နေတာကို တွေ့ရတယ်နော် ”


Pile - 2
မင်းရဲ့ စိတ်ကူးအိမ်မက်တွေကတော့ မကြာခင် နှစ်အနည်းငယ်အတွင်းမှာပဲ အမှန်တကယ်ဖြစ်လာဖို့ ရှိပါတယ် ။ လိုချင်တဲ့ ပစ္စည်းလေးတွေရလာမယ် ။ အကူအညီကောင်းတွေကိုလည်း လက်ခံရရှိလိမ့်မယ် ။ မင်းက အနာဂတ်မှာ အခုလက်ရှိတဲ့ပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်ရဖို့ရှိတယ် ။ အဲ့အတွက်ကြောင့်မို့ အခုကတည်းက ပိုကြိုးစားပါ ။ ကိုယ့်ဘဝကို တိုးတက်စေတဲ့ အရာတွေပေါ်မှာ ရင်းနှီးမြုပ်နှံပါ ။ ဒါဆိုရင် မင်းက အနာဂတ်မှာ ပိုအဆင်ပြေလိမ့်မယ် ၊ အောင်မြင်ပါလိမ့်မယ် ။ မကြာခင်နှစ်အနည်းငယ်အတွင်းမှာလည်း ဘဝလက်‌တွဲဖော်နဲ့တွေ့ရတာမျိုး ၊ မိတ်ဆွေကောင်းတွေရတာမျိုး ရှိလာလိမ့်မယ် ။ လူသစ်တွေအများကြီးနဲ့ ပိုပြီးထိတွေ့ဆက်ဆံရမယ် ။ စကားပြောစွမ်းရည် နဲ့ ပေါင်းသင်းဆက်ဆံရေးကို ပိုကောင်းအောင် ကြိုးစားထားပါ..