အချစ်ဟောင်းကိုမမေ့နိုင်သေးတဲ့သူလေးတွေ

အချစ်ဟောင်းကိုမမေ့နိုင်သေးတဲ့သူလေးတွေ




1...အတိတ်မှာ.....သင်တို့နှစ်ယောက်က ခိုးတွေ့ ခိုးချစ်ခဲ့ကြတာလေးပေါ့ မိဘတွေက‌သဘောတူတဲ့ချစ်ခြင်းမျိုးတော့မဟုတ်‌ခဲ့ဘူး အချစ်ရေးမှာတစ်ခုမဟုတ်တစ်ခုလိုအပ်ချက်ရှိနေခဲ့တယ် ဒါပေမယ့် စူးစူးနင့်နင့်ကိုချစ်ခဲ့မိတာပါ

ဒီချစ်ခြင်းက ပြတ်တောက်လုနီးနီး ပြတ်ဆဲလုနီးနီးဖြစ်ခဲ့ရတယ် ကြည်လင်နေတဲ့မိုးသားထဲကိုအုံ့မှိုင်းလာသလိုပဲလေ စိတ်တွေမငြိမ်နိုင်ပဲ စကားများတဲ့ရက်တွေရှိတယ် ဒါပေမယ့် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးဆက်ချစ်နေခဲ့ကြတယ်လေ...နာကျင်ရမယ်ဆိုရင်တောင် ရှေ့ဆက်တိုးမယ်ဆိုပြီးနှစ်ယောက်လုံးဆုံးဖြတ်ထားခဲ့ကြတယ်ပျော်စရာလေးတွေကို ကိုယ်တိုင်ပဲဖန်တီးလာခဲ့ကြတာ...

အလိုမကျစရာတွေများပြီး အဆုံးသတ်ဖို့ဖြစ်လာခဲ့တယ်တစ်ယောက်ရဲ့‌အကောင်းဘက်ခြမ်းကိုတစ်ယောက်ကမမြင်နိုင်ကြတော့ပဲ ကိုယ့်စိတ်ကိုပဲ ခံစားရင်းနဲ့ လမ်းခွဲခဲ့ကြတာမျိုးပေါ့သူပြန်လာမှာပါမုန်းလို့မှမဟုတ်ပဲ ‌အချစ်စစ်ကိုပဲအားကိုးပါအတိတ်ကနေ့ရက်တွေကိုထိတွေ့မိလိုက်ရဲ့လားရင်ဖွင့်သွားပါဦးနော်


2..သင်တို့ရဲ့အချစ်ရေးကသူများတွေနဲ့တော့သိပ်မတူဘူးနော်ချစ်လို့တွဲတာမဟုတ်ပဲ တွဲရင်းချစ်သွားတာမျိုး
အချစ်နဲ့ပတ်သတ်ရင် လွတ်လပ်တဲ့သဘောထားမျိုးရှိတယ်ဒါပေမယ့် ဒီ pileထဲကတချို့ထဲမှာ ဖောက်ပြန်တာကိုအရမ်းမုန်းတဲ့သူလေးတွေပါတတ်တယ်

အတိတ်မှာ...တစ်ယောက်ကိုတစ်ယောက်ဖေးမရင်းနဲ့ရှေ့ဆက်ခဲ့ကြတယ် ငိုလိုက်ရယ်လိုက် ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ပေါ့...အချစ်ရေးမှာစည်းဘောင်တွေမထားတာကြောင့် မလိုအပ်ပဲတက်ရတဲ့ပြဿနာလေးတွေရှိခဲ့တယ်။တစ်ဖက်လူကအပျော်ရှာနေတဲ့သဘောတရားလေးတွေလည်းရှိနေတယ်

အရမ်းချစ်ခဲ့ကြတယ်ချစ်သူအတွက်ဆိုဘာမဆိုပေးဆပ်မယ်ဆိုတဲ့အထိ မိုက်ရူးရဲဆန်ခဲ့ကြတာပေါ့သူပြန်မလာတော့ပါဘူးသင်နဲ့မပြတ်ခင်ထဲကအချစ်သစ်တွေ့နေပါပြီနော်အတိတ်ကနေ့ရက်တွေကိုထိတွေ့မိလိုက်ရဲ့လားရင်ဖွင့်သွားပါဦးနော်