အချစ်သစ်(New Love)




1: ဒီpileထဲမှာ အချစ်အသစ်ကို တွေ့ရှိပြီးသားလူတွေပါလိမ့်မယ် ။တချို့ကျ crush ရှိနေတာမျိုး ၊crushနဲ့ပတ်သက်ပြီး စွန့်စားဖို့ကြိုးစားနေတာမျိုးတွေပေါ့ ။မတွေ့သေးတဲ့လူတွေကတော့ လောလောဆယ်မတွေ့ရနိုင်သေးဘူးနော် ။သို့ပေမယ့် ဒီနှစ်အတွင်းတွေ့ရနိုင်တယ် ။မင်းဆီကို မထင်မှတ်ထားတဲ့လူက မထင်မှတ်ထားတဲ့အချိိန်မှာ ရုတ်တရက်ရောက်လာတာပါလိမ့်မယ် ။အချိန်အနေနဲ့ ၂လကနေ ၇လအတွင်းဆုံရပါလိမ့်မယ် ။


2: ဒီpileလေးတွေကတော့ အချစ်အသစ်ကို မကြာခင်မှာပဲတွေ့ရတော့မယ် ။အဲ့ဒီလူက မင်းအခုလက်ရှိသဘောကျနေတဲ့လူလည်း ဖြစ်နိုင်သလို မင်းစိတ်ထဲမှာအရင်ကတည်းက ရှိပြီးသားလူလည်းဖြစ်နိုင်တယ် ။သူနဲ့မင်းက အရင်ကထက်ပိုနီးစပ်လာနိုင်တယ် ။အများစုက တစ်ဖက်လူက ရှေ့ကိုပိုပြီးတိုးဝင်လာတာတွေ့ရတယ် ။Crushမရှိသေးတဲ့လူတွေလည်း မကြာခင်မှာ တစ်ယောက်ယောက်နဲ့ဆုံဆည်းရပါလိမ့်မယ် ။အချိန်အနေနဲ့ ၁လကနေ ၃လအတွင်းပါပဲ ။

Comments