Something from April

Something from April



1..ငွေများများဝင်မယ် ။ထီ ၊ကံစမ်းမဲကံကောင်းပါမယ် ။ဘဝအတွက်အရေးကြီးတဲ့ဆုံဖြတ်ချက်တွေချရမယ် ။ငြင်းခုန်နေရတဲ့ကိစ္စရပ်တွေ ၊ပြဿနာ‌တွေအားလုံးပြီးဆုံးသွားမယ် ။
ရင်းနှီးချစ်ခင်ရသူတွေကို အကူအညီတွေပေးရတတ်တယ် ။
ကိုယ့်ကိုနားလည်ပေးမယ့်လူနဲ့ဆုံဆည်းရပါလိမ့်မယ် ။


2..အလုပ်တွေများနေမှာဖြစ်ပြီး လုပ်ချင်တာတွေလည်းများနေလိမ့်မယ် ။
ဘာပဲလုပ်လုပ်အပြိုင်အဆိုင်လေးတွေပေါ်တတ်တယ် ။ရန်များတတ်ပါတယ် ။သို့သော်အပြိုင်အဆိုင်တွေကြားမှ အဆင်ပြေမယ် ။မထင်မှတ်ထားတဲ့လူတွေရဲ့အကူအညီကောင်းတွေရရှိမယ် ။
ညဖက်အိပ်မပျော်တာ ၊ထူးဆန်းတဲ့အိပ်မက်မက်တာတွေရှိပါမယ် ။


3..ချစ်ခြင်းမေတ္တာရေးမှာ စန်းအားကောင်းမွန်မယ် ။ချစ်ခင်သူပေါများတတ်တယ် ။
လိုချင်တဲ့အရာလေးတွေရရှိပါမယ် ။
အထီးကျန်သလိုခံစားချက်လေးတွေဖြစ်ပေါ်တတ်တယ် ။
ရွှေ‌ ၊လက်ဝတ်ရတနာဝင်တာ သို့မဟုတ် ထွက်တာရှိပါမယ် ။
မွေးနေ့ သို့မဟုတ် ပါတီပွဲတက်ရတတ်ပါတယ် ။