နောက်(၁)နှစ်အတွင်းဘာတွေ‌‌ပြောင်းလဲလာနိုင်လဲ




Plie 1
ဘဝအတွက်တက်လမ်းတခု ထွက်ပေါက်တစ်ခုကိုကြိုးစားပြီးရှာဖွေနေတယ် ။ အလုပ်ရာထူးပြောင်းလဲလုပ်ကိုင်လိုစိတ်ရှိပြီး အပြောင်းလဲများစွာကြုံရနိုင်တယ်။ စိတ်ရှုပ်စရာပူလောင်စရာပတ်ဝန်းကျင်အခြေနေတွေကနေလွတ်မြောက်နိုင်လာမယ် ။ ခရီးသွားရတာမျိုးလုပ်ရမယ် ။ အချစ်ရေးမှာ အချစ်ခံနေရပေမယ့် ချစ်ပေးတာတွေဂရုစိုက်ပေးတာတွေအားလုံးကိုလစ်လျူရှုပြီးတစ်ယောက်တည်းအေး''ဆေး''နေလိုစိတ်ပိုများနေမယ် ။ သူငယ်ချင်း မိတ်ဆွေအပေါင်းသင်းတွေနဲ့ပဲပိုအချိန်ကုန်ဖြစ်နေမယ် ။ ပျော်စရာတွေများနေပေမယ့် အထီးကျန်မှုကိုလဲခံစားနေရတဲ့ လတွေဖြစ်နေလိမ့်မယ် ။


Pile 2
ဂရုစိုက်သင့်တဲ့ကာလတွေလို့ပြောရလိမ့်မယ်။ ကိုယ်မလုပ်ချင်တဲ့ကိုယ်မပျော်တဲ့အလုပ်တစ်ခုကိုအခြေအနေအမျိုးမျိုးကြောင့်လုပ်နေရတာမျိုးကြုံရနိုင်တယ်။ဆုံးဖြတ်ချက်အမှားတွေချမိတက်တယ်။ မကောင်းတာကိုသိနေပေမယ့် မစွန့်လွှတ်နိုင်ဘဲအဲ့အရာတွေမှာပျော်ဝင်နေတဲ့ကာလတွေဖြစ်နေလိမ့်မယ် ။ ကောင်းတဲ့အရာတွေပျော်စရာအရာတွေက ကိုယ့်အနားမှာရှိနေတာ သိနေပေမယ့် စိတ်မွန်းကြပ်စရာတွေထဲမှာပဲ ထပ်ခါထပ်ခါမိမိကိုယ်ကိုပိတ်လှောင်ထားနေမိတယ် ။ ဒီ pile ကိုရွေးထားတဲ့လူတွေက စိတ်ကိုအတင်းချုပ်နှောင်မထားဘဲအရာရာကို let it be ဆိုပြီးလုပ်ပေးနိုင်မှ ဒီကာလတွေမှာအဆင်ပြေနိုင်မယ် ။ ပျော်စရာတွေကကိုယ့်အနားမှာပဲရှိတယ် ။


Pile 3
ရွေးချယ်မှုတွေလုပ်ရတဲ့ကာလဖြစ်နေလိမ့်မယ် ပညာရေး အလုပ် အချစ်ရေး အရာရာမှာရွေးချယ်စရာတွေ စဥ်းစားစရာတွေများနေလိမ့်မယ် ။ မှန်ကန်တဲ့ရွေးချယ်မှုမျိုးကိုလဲလုပ်နိုင်လိမ့်မယ် ။ ခေါင်းရှုပ်ခံရပြီးမှ အောင်မြင်မှုနဲ့ပျော်ရွှင်မှုကိုရနိုင်မယ့်ကာလဖြစ်တယ် ။ ဆုံးရှုံးပြီးမှတန်ဖိုးနားလည်လာတဲ့လူတစ်ယောက်လို ကိစ္စတိုင်းကိုအလေးထားတက်လာမယ် ။ အချစ်ရေးမှာ ကိုယ့်ရဲ့လွန်ကဲတဲ့အတွေးတွေကြောင့်အဆင်မပြေတာမျိုးကြုံရနိုင်တယ် ။

Comments