သူငယ်ချင်းတွေရဲ့ မင်းအပေါ်အမြင်

သူငယ်ချင်းတွေရဲ့ မင်းအပေါ်အမြင်



Pile - 1.
မင်းရဲ့ သူငယ်ချင်းတွေကတော့ မင်းကို ရင့်ကျက်တည်ငြိမ်တဲ့လူတစ်ယောက်ဖြစ်တယ်လို့ အများစုက သတ်မှတ်ကြပါတယ် ။ မင်းက ဟန်မဆောင်တက်ဘူး ။ ပွင့်ပွင့်လင်းလင်းနဲ့ ပျော်ပျော်နေတက်တယ်လို့လည်း ထင်ကြတယ် ။ နောက်ပြီး မင်းက အလှအပကြိုက်တယ် ၊ အဝတ်အစားဆိုလည်းဖြစ်သလိုမဝတ်တက်ဘူး ၊ အေးအေးဆေးဆေးနေတက်တယ်လို့ မြင်ကြပြီးမင်းရဲ့ အပြုမူပုံစံကို အားကျတဲ့လူများပါတယ် ။ မင်းက သူငယ်ချင်းတွေထဲမှာ အားကိုးရတယ် ၊ အကူညီကောင်းတွေ အကြံညဏ်ကောင်းတွေ ပေးတက်တယ်လို့ သူတို့က ထင်ကြတယ် ။ မင်းနားမှာနေရတာ ၊ မင်းနဲ့အတူရှိနေရတာက နွေးထွေးတယ် ပျော်ရတယ် ဆိုတဲ့ ခံစားချက်မျိုးရကြတယ်လို့ တွေ့ရတယ် ။ မင်းကို ပြည့်စုံတယ်လို့ထင်ကြပြီး မနာလိုတဲ့ သူငယ်ချင်းတွေလည်းရှိနေတက်ပါတယ် ။ မင်းရဲ့သူငယ်ချင်းထဲမှာ တကယ်အစစ်အမှန်သူငယ်ချင်းကောင်းတွေလဲရှိသလို ၊ Fake friends တွေလည်း ရှိတယ်လို့တွေ့နေရတယ် ။ သတိထားပါနော်…


Pile - 2
မင်းရဲ့ သူငယ်ချင်းတွေကတော့ မင်းကို နည်းနည်းလေးသူများတွေနဲ့မတူပဲ ထူးခြားနေတဲ့လူလို့ မြင်ကြပါတယ် ။ မင်းရဲ့ရိုးရိုးရှင်းရှင်း authentic style ကို သူငယ်ချင်းအများစုက သဘောကျကြတယ် ။ နောက်ပြီးတော့ မင်းက ကြိုးစားတယ် ၊ ရိုးသားတယ် ၊ ညဏ်လည်းကောင်းတယ်လို့ သတ်မှတ်ကြတယ် ။ မင်းက စိတ်သဘောထားကောင်းပြီးတော့ အပေးအကမ်းရက်ရောတယ် ၊ နောက်ပြီး သူငယ်ချင်းတွေအပေါ်မှာလည်း အနစ်နာခံတက်ပြီး ကိုယ်ချင်းစာစိတ်ရှိတဲ့လူလို့ မြင်ကြတယ် ။ မင်းက သူငယ်ချင်းတွေအပေါ်မှာ စိတ်နှစ်ပြီးပေါင်းတက်တဲ့လူတစ်ယောက်ဖြစ်တယ် ။ အပေါင်းအသင်းတွေအရမ်းမများပဲ မင်းအပေါ်မှာ တကယ်စစ်မှန်တဲ့ လူအနည်းစုလေးနဲ့ပဲ အေးချမ်းစွာနေချင်သူဖြစ်တယ် ။ မင်းရဲ့ သူငယ်ချင်းတွေအတွက်တော့ မင်းက တကယ်မရှိမဖြစ်အရေးကြီးတဲ့လူသားလေးပါနော် ။ ဘယ်သွားသွား ၊ ဘာစားစား မင်းကိုအတူရှိစေချင်ပြီး သတိရတက်ကြပါတယ်