မင်းရဲ့ အချစ်ရေး



𝐏𝐢𝐥𝐞 - 1
𝐅𝐨𝐫 𝐒𝐢𝐧𝐠𝐥𝐞 - 𝐞𝐱 ကိုသတိရနေတုန်းပဲလို့တွေ့ရတယ်နော် ။ လူဟောင်းတွေ ၊ အရင်ကအကြောင်းတွေကို တွေးမိနေတုန်းပဲလား ။ မေ့လိုက်သင့်ပြီ ။ တစ်ချို့လူတွေကြတော့လည်း စိတ်ထဲမှာ စိတ်ဝင်စားနေတဲ့တစ်စုံတစ်ယောက်ရှိနေတဲ့ ပုံစံမျိုးလို့တွေ့နေရတယ် ။ သူ့အကြောင်းပဲတွေးနေမိတယ် မဟုတ်လား ။
အခုကနေစပြီး ၈ လအတွင်း မင်းရဲ့ဘဝထဲကို လူတစ်ယောက်ဝင်လာဖို့ရှိတယ်နော် ။ အခုကတော့ တစ်ယောက်ထဲပဲ 𝐥𝐨𝐧𝐞𝐥𝐲 ဆက်ဖြစ်နေပါအုံးမယ်

𝐅𝐨𝐫 𝐑𝐒 - ဆုံးရူံးလိုက်ရမှ နောင်တမရပါနဲ့နော် ။ အခုကတည်းက နှစ်ယောက်သားကြားထဲမှာ ရှိနေတဲ့ပြသာနာတွေကို ကြိုးစားအဖြေရှာပြီး ဖြေရှင်းပါ ။ ဆက်ဆံရေးတွေ အေးစက်မသွားအောင် ပိုပြီးဂရုစိုက်ပေးပါ ။ ပွင့်လင်းပါ ။ တစ်ဖက်လူရဲ့ စိတ်ခံစားချက်ကို သေချာနားလည်အောင်ကြိုးစားဖို့ လိုပါမယ်နော် ။ အဆွေးဓာတ်ကလေးတွေတွေ့နေရတဲ့အတွက်ကြောင့် ဒီလတွေထဲမှာ နှစ်ယောက်သား အဆင်ပြေအောင်ကြိုးစားနေသင့်ပါတယ်နော် ။ မဟုတ်ရင် နည်းနည်း တက်ပါတယ်နော် 


𝐏𝐢𝐥𝐞 - 2
𝐅𝐨𝐫 𝐒𝐢𝐧𝐠𝐥𝐞 - မင်းကတော့ ရတာမလို ၊ လိုတာမရဖြစ်ပြီး သဘောကျလိုက် ၊ အဆင်ပြေမလိုလိုနဲ့ စိတ်ကူးနဲ့လက်တွေ့ တခြားစီဖြစ်လိုက် ၊ ပလစ်ခံရလိုက် ကြေကွဲလိုက်နဲ့ အဆွေးသံသရာလည်နေတက်ပါတယ်နော် ။ ကိုယ့်ကို လာပြီး 𝐏𝐥𝐚𝐲 မဲ့လူတွေ ၊ 𝐆𝐡𝐨𝐬𝐭 လုပ်မဲ့လူတွေ ဝင်လာတက်ပါတယ်နော် သတိထားပါ ။ ချည်းကပ်လာတိုင်း အရမ်းမယုံပါနဲ့နော် ။ သေချာလေ့လာပါ မဟုတ်ရင် ကိုယ်ပဲခံရမယ် ၊ ကျန်ခဲ့မယ်နော် ။ ရည်းစားက ရချင်နေပေမဲ့ မရနိုင်ဖြစ်နေတဲ့ အဖွဲ့ဖြစ်ပါတယ်

𝐅𝐨𝐫 𝐑𝐒 - အခုကနေစပြီး ၂ လအတွင်းမှာ စိတ်ဆိုးတာ ၊ ရန်ဖြစ်တာမျိုးတွေ ရှိတက်တယ်နော် ။ တစ်ယောက်
အပေါ်မှာတစ်ယောက် သံသရတွေဝင်နေပြီး အတွေးတွေနဲ့ ပင်ပန်းရတက်တယ် တက်နိုင်သမျှ 𝐭𝐨𝐱𝐢𝐜 မဖြစ်အောင်နေပါ ။ ရိုးသားရမယ် ။ တစ်ဖက်လူက ကိုယ့်အပေါ်မှာ ဖုံးကွယ် ၊ လိမ်ညာထားတဲ့ကိစ္စတွေရှိနေတက်ပါတယ် ။ သတိထားပါ ။ အလုပ်တွေရူပ်နေတက်ကြပြီး တစ်ယောက်အပေါ်မှာတစ်ယောက် အေးစက်နေတက်ကြပါတယ်

Comments