မင်း သူ့ကို နှစ်သက် သဘောကျရတဲ့ အချက်

မင်း သူ့ကို နှစ်သက် သဘောကျရတဲ့ အချက်



Pick-1
မင်းအတွက် သူကချစ်စရာကောင်းနေတဲ့ သူတစ်ယောက်လေးဖြစ်နေလို့ကို သဘောကျတာပါ။ အနေအထိုင်ပုံစံလေးကိုက မင်းကို အသဲစွဲစေပါတယ်။ သူ့ရဲ့ စွဲဆောင်မှုထဲမှာ သူ့ရဲ့ မျက်လုံးနဲ့ အသံလေးကလည်း ပါဝင်တတ်ပါတယ်။ နောက်တစ်ခုကတော့ သူလိုပြောလိုက်တာနဲ့ သူဝတ်ဆင်တဲ့ အသုံးအဆောင်တွေမှာ ပါလာတဲ့ အရောင်လေးတွေက ပိုပြီး သဘောတွေ့စရာဖြစ်ပါလိမ့်မယ်။ အနေအေးတတ်တာကိုလည်းတွေ့ရတယ်။ တည်ကြည်ပြီး အကြည်ဓာတ်လေးဖြစ်လို့ သဘောကျနေရတာကို တွေ့ရပါတယ်


Pile-2
မင်းဆီမှာ သူ့ကိုဘာအချက်ကို သဘောကျနေလည်း ပြောပြစရာ အချက်တောင် သိပ်မရှိဘူး။ သူ့ရဲ့ အရာရာတိုင်းကို သဘောကျနေတာ။ သူဖြစ်နေလို့ကို သဘောကျနေတာကိုတွေ့ရတယ်။ ကိုယ့်အနေနဲ့ သူ့ကိုတော်တော်လေး သံယောဇဉ်ရှိတယ်။ မင်းကို သူက တော်တော်လေး စိုးမိုးထားပါတယ်။ သူ့အကြောင်းတွေးလိုက်တာနဲ့ ပျော်မိနေတာမျိုးပေါ့။ ရှေ့လျှောက်လည်းသူနဲ့ ပတ်သက်လို့ ပျော်ရွှင်စရာတွေ ဖြစ်လာဖို့ မျှော်လင့်နေတာတွေ တွေ့ရလို့ ဆုတောင်းတွေ ပြည့်ပါစေလို့ ပြောချင်ပါတယ်


Pile-3
မင်းက သူ့ရဲ့ ပြတ်သားတဲ့ စိတ်ဓာတ် ဂျစ်ကန်ကန်ပုံစံလေးကို သဘောကျတာပါ။ သူက ခပ်ဆိုးဆိုးလေးထဲပါမယ်လို့တွေ့ရတယ်။ ဘယ်သူ့မှ ဂရုမစိုက်တတ်တဲ့ သူပေါ့။ အဲ့တာကိုမှ မင်းကလည်း သဘောကျပြီး ချစ်နေရတာပါ။ သူကမထင်ရင် မထင်သလို ချေတတ်ပါတယ်။ အဲ့တာကိုလည်း မင်းက ကြွေဆင်းနေရတာပေါ့။ သူ့ရဲ့ အနေတည်တဲ့ မျက်နှာကလည်း မင်းစွဲလမ်းရတာကို။ အဲ့တာကြောင့် သူကြိုက်သလောက် မိုက် ချစ်မယ်ဆိုတဲ့ စိတ်နဲ့ သဘောကျနေတာကိုတွေ့ရတယ်