မင်းပတ်ဝန်းကျင်အဝန်းအဝိုင်းက မင်းကို ဘယ်လိုမြင်လဲ

မင်းပတ်ဝန်းကျင်အဝန်းအဝိုင်းက မင်းကို ဘယ်လိုမြင်လဲ




Pile.1
မင်းပတ်ဝန်းကျင်မှာ မင်းက ရေခဲတုံးလို့ နာမည်ကြီးနေတတ်ပါတယ် အေးစက်စက်နိုင်ပီး ခံစားချက်အများကြီး မရှိတဲ့ပုံစံမျိုးတွေ အရမ်းကိုရင့်ကျက်လွန်းတာတွေရှိနေတဲ့သူလို့ မြင်ကြပါတယ်
ဒေါသထွက် စိတ်ဆိုးတာမျိုး သိပ်မတွေ့ရဘဲ ခန္ဓီပါရမီအားကောင်းသူ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ပတ်သက်ပီး ကောင်းမွန်တဲ့ လမ်းကြောင်းတွေကိုပဲ လမ်းညွှန်ပေးတတ်သူအဖြစ်လဲ သတ်မှတ်ခံထားရပါတယ်
နောက်တခုက ဘယ်ကိစ္စရပ်မဆို အဆိုးပဲကြုံကြုံ အကောင်းတွေပဲ လာလာ ထူးထွေမတုန်လှုပ်ပဲ တည်ငြိမ်စွာရင်ဆိုင်တတ်လွန်းသူလေးတယောက်လို့ မြင်ကြပါတယ်
အကြောက်အလန့်နဲပီး မထုံတက်တေး ပုံစံလေးရှိတတ်သလို အန္တရာယ်တွေ မထီမဲ့မြင်ပုံစံ နဲ့ လက်တွေ့ကျကျရင်ဆိုင်တတ်ပါသေးတယ်တဲ့
မိတ်ဆွေအပေါင်းအသင်းတွေကြား ရင်ဖွင့်လို့
ကောင်းပီး နှုတ်လုံတဲ့သူလေး စိတ်ထဲရှိနေတာကို စကားလုံးတွေထက် လက်တွေ့ဆန်ဆန်ပြသတတ်သူလေးလို့ မင်းအဝန်းအဝိုင်းကသူတွေက မင်းနဲ့ပတ်သက်ပီးအဲ့လိုသတ်မှတ်ထားကြပါတယ်


Pile.2
မင်းကတော့ ပျော်ပျော်နေတတ်ပီး အများနဲ့ သဟဇာတ ဖြစ်အောင်နေထိုင်တတ်သူ ဘယ်အရာမဆို ညီညီမျှမျှစိတ်ထားတတ်ပီး ဘယ်သူတော့
သာစေ ဘယ်သူတော့နာစေ ဆိုတဲ့စိတ်မျိုး မရှိတဲ့သူလေးတယောက်ပါတဲ့
မတရားသဖြင့် အနိုင်ယူတတ်သူတွေ တွေ့ရင်လဲ ဟန်မဆောင်တတ်ပဲ ပွင့်ပွင့်လင်းလင်း ဖြေရှင်းပီး သာတူညီမျှမှုကို ရအောင်ရှာဖွေတတ်သူလေးတယောက်ပါတဲ့
ရုပ်ရည်အားဖြင့် ကြည့်ကောင်းပီးမင်းရဲ့အပြင်အဆင်လေးတွေ အပေါ်မှာ ကျားမ မရွေး မကြည့်ရမနေနိုင်အောင် ဆွဲဆောင်မှုရှိလွန်းတဲ့အပြင် ဝတ်တတ်စားတတ်လွန်းသူလေးတယောက်ဖြစ်နေပြန်ပါသေးတယ်တဲ့
စိတ်ထားပြည့်ဝတဲ့သူလေးတယောက်ဖြစ်ပေမယ့် ဘယ်သူ့ကိုမှ လွယ်လင့်တကူယုံကြည်မှု မပေးနိုင်တဲ့ အချက်လေးတွေလဲ မင်းမှာရှိနေပြန်ပါသေးသတဲ့
မတရားတာတွေ့ရင် ရင်ဆိုင်ဖြေရှင်းတတ်လွန်းပီး လှပကျော့ရှင်း သပ်သပ်ရပ်ရပ် ဝတ်စားနေထိုင်တတ်သူ မင်းရဲ့အကြောင်းတွေကိုတော့အများသိမှာစိုးပီး လျှို့ဝှက်တတ်သူလေးတယောက်လို့ မင်းပတ်ဝန်းကျင်က မင်းနဲ့ပတ်သက်ပီး အဲ့လိုသတ်မှတ်ထားပါတယ်