မေလထဲမှာ ဘယ်လိုအရာတွေကြုံတွေဖို့ရှိလဲ




Pile 1 ကို ရွေးချယ်ထားတဲ့လူတွေ.
.
.
.
မေလအတွင်းမှာ ကြုံတွေ့ရမယ့်အရာလေးတွေကတော့ ကိုယ့်ရဲ့ဆန္ဒတွေ ရည်မှန်းချက်တွေကို အားလုံးကြားမှာ ထုတ်ဖော်ပြောဆိုနိုင်လာတာမျိုး ကိုယ့်အတွက်ကောင်းတဲ့အရာများအားလုံး မေလအတွင်းမှာ ဖြစ်လာတတ်တဲ့အတွက် ကံကောင်းပြီးပျော်ရွှင်စရာကောင်းတဲ့လ တစ်လဖြစ်နေတတ်ပါတယ် တစ်ခါတစ်လေမှာ အရင်က အဖြစ်အပျက်တွေကို ပြန်လည်တွေးတောမိရင်း အတွေးလွန်နေတတ်ပါတယ်


Pile 2 ကို ရွေးချယ်ထားတဲ့လူတွေ
.
.
.
.
မေလအတွင်းမှာ ကြုံတွေ့ရမယ့်အရာလေးတွေကတော့ စာချုပ်စာရွက်ကိစ္စတွေနဲ့ပတ်သတ်ပြီး လွန်ဆွဲရတတ်ပါတယ် ကိုယ့်ရဲ့ရည်မှန်းချက် ရည်ရွယ်ချက်တွေအတွက် လမ်းပျောက်နေသူများ ဘာလုပ်ရမလဲဆိုတာတွေကို တွေ့ရှိလာတတ်ပါတယ် ကိုယ့်ရဲ့အတွက်ကောင်းမွန်တဲ့အရာတွေ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေမိတတ်ပါတယ်


Pile 3 ကို ရွေးချယ်ထားတဲ့လူတွေ
.
.
.
.
မေလအတွင်းမှာ ကြုံတွေ့ရမယ့်အရာလေးတွေကတော့ အိပ်ရေးပျက်တာမျိုးတွေ အိပ်မက်ဆိုးမက်တာတွေဖြစ်တတ်ပါတယ် မေလအလယ်လောက်မှာတော့ ကိုယ်ဖြစ်ချင်ခဲ့တဲ့ပုံစံအတိုင်း ကောင်းမွန်ပြီး မိမိကိုယ့်ကို ‌‌ ကောင်းကောင်းမွန်မွန်ပုံစံအသစ်နဲ့ နေထိုင်နေမိတတ်ပါတယ်

Comments