တနင်္ဂနွေ /တနင်္လာ /အင်္ဂါ သားသမီးများအတွက်တစ်လစာကံကြမ္မာ


တနင်္ဂနွေသားသမီးများအတွက်တစ်လစာကံကြမ္မာ


ထယ်ရိုနိမိတ် = Six Of Swords (ညံ့)

စီးပွားရေး = စီးပွားရေးကံသိပ်မကောင်းသေးပါ စိတ်ညစ်စရာ၊ပူပန်စရာများတတ်ပါတယ် စီးပွားရေးတွင်အတိုက်အခံလှိုင်းလုံးထန်တတ်ပါတယ် ပေါင်းစပ်လုပ်ကိုင်ရန်မသင့်သေးပါ တစ်ကိုယ်တည်းကြိုးစားနိုင်ရပါမယ် ရဲရင့်စွန့်စားနိုင်သောသတ္တိရှိရပါမယ်

ငွေကြေး = ငွေကြေးအကုန်အကျများရတတ်ပါတယ် ခရီးကိစ္စ၊အသွားအလာကိစ္စများကြောင့််ငွေပိုကုန်တတ်ပါတယ် ငွေကြေးအချေးအငှားမလုပ်ပါနဲ့

အချစ်ရေး = ကျောခိုင်းစွန့်ကွာခြင်းနိမိတ်ဖြစ်ပါတယ် ဤလ၌ ချစ်ရသူနှင့်အသွားအလာ၊ခရီးကိစ္စတစ်ခုခုလုပ်ရတတ်ပါတယ် ထိုသို့ချစ်ရသူနှင့်အတူတူလှည်ပြီးပါကကံညံ့သွားတတ်ပါတယ် အချစ်ရေးကံသိပ်မကောင်းသေးပါ စိတ်ဖိစီးစရာကြုံတတ်ပါတယ်

ပညာရေး = နိုင်ငံရပ်ခြားပညာတော်သင်များ၊ပြည်ပပညာများ၊သင်္ဘောနှင့်ဆိုင်သောပညာများ ကောင်းမွန်နေမည့်လဖြစ်ပါတယ် အတန်းပညာကံမကောင်းပါ မိမိ၏ရလဒ်ကိုအားမလိုအားမရဖြစ်ပါမယ်

လူမှုရေး = လူတိုင်းနှင့်မရောဖို့အကြံပေးချင်ပါတယ် မိမိအခင်မင်၊အရင်းနှီးဆုံးလူနှင့်သာပေါင်းပါ လူတိုင်းနှင့်ရောပါက ပြဿနာတက်တတ်ပါတယ် လူမှုရေးတွင်မိမိသွားရာလမ်း၌လာရောက်နှောင့်ယှက်ခြင်းကြုံတတ်ပါတယ် အကောင်းတစ်ဝက်၊အဆိုးတစ်ဝက်ပါပဲ

အိမ်ထောင်ရေးနှင့်အိမ်တွင်းရေး = အိမ်သိပ်မကပ်ရတတ်ပါ အသွားအလာများနေတတ်ပါတယ် ခရီးကိစ္စကြုံတတ်ပါတယ်ထို့ကြောင့်စိတ်ရှုပ်ရတတ်ပါတယ် အိမ်သူအိမ်သားများနှင့်စိတ်ဝမ်းကွဲတတ်ပါတယ်

ကျန်းမာရေး = အပေါ်သွေးအောက်သွေးမညီ၍ခေါင်းမူးခြင်း၊ခေါင်းနှောက်ခြင်း၊လေတိုက်ခံလွန်း၍အဖျားမိခြင်းတို့ကိုဂရုစိုက်ပါ

ယတြာ = မိမိ၏မွေးနာမ်နေ့တွင် ခရီးသွားပုဂ္ဂိုလ်အားရေသန့်လှူဒါန်းပါ။

အကျိုးပေးဂဏန်း = ၆၊၄

အကျိုးပေးအရောင် = အပြာနုရောင်၊အကြည်ရောင်

တနင်္လာသားသမီးများအတွက်တစ်လစာကံကြမ္မာ

ထယ်ရိုနိမိတ် = Ten Of Cups (အထူးကောင်း)

စီးပွားရေး = စီးပွားရေးအထူးကောင်းပါတယ် စပ်တူရှယ်ယာလုပ်အပ်ပါတယ် အလုပ်အကိုင်အဆက်အသွယ်ကောင်းရလာတတ်ပါတယ် စီးပွားရေးနှင့်ပက်သက်၍ကံအထူးကောင်းကာ မိတ်ဖက်ကောင်းတွေ့တတ်ပါတယ်

ငွေကြေး = ငွေကြေးကံမှာအသင့်အတင့်ဖြစ်ပါတယ် မိမိချစ်ခင်ရသူဆီမှ မုန့်ဖိုးရခြင်း၊လက်ဆောင်ရခြင်း၊ငွေဝင်ခြင်းတို့ရှိတတ်ပါတယ် သို့သော် အပျော်အပါးကိစ္စများကြောင့်ငွေပြန်ထွက်သွားတတ်ပါတယ်

အချစ်ရေး = အချစ်ရေးကံကောင်းတတ်ပါတယ် ချစ်သူထံမှလက်ဆောင်ရတတ်ပါတယ် sg အချို့အချစ်နှင့်ဆုံတတ်ပါတယ် စန်းပွင့်ကာချစ်ရသူနှင့်ပျော်ရွှင်မှုကြုံလာတတ်ပါတယ်

ပညာရေး = ပညာရေးသိပ်မကောင်းပါ အပျော်အပါး၊အချစ်ရေးကိုသာအားစိုက်နေလျှင်ပညာရေးကံညံ့နိုင်ပါတယ် ထို့ကြောင့်စာကိုလည်းအာရုံစိုက်ပေးပါ

လူမှုရေး = လူမှုရေးကံကောင်းပါမယ် အလှူပြုနိုင်ခြင်း၊အပေါင်းအသင်းများနှင့်တွေ့ဆုံကာပျော်ရွှင်ရခြင်းတို့ကြုံတတ်ပါတယ် အိမ်နီးချင်းကောင်း၊ပတ်ဝန်းကျင်ကောင်းရရှိတတ်ပါတယ်

အိမ်ထောင်ရေးနှင့်အိမ်တွင်းရေး = အိမ်သူအိမ်သားများစည်းလုံးမှုရှိလာတတ်ပါတယ် အိမ်သူအိမ်သားများပေါင်း၍အလှူဒါနပြုရတတ်ပါတယ် ကလေးသားသမီးရလိုသူများကလေးသားသမီးရတတ်ပါတယ်

ကျန်းမာရေး = ချွေးအထွက်လွန်ခြင်းကိုသာဂရုပြုပါ ရေများများသောက်ပါ ကျန်သောအရာများပူစရာသိပ်မရှိပါ

ယတြာ = တနင်္လာနေ့နံက်အာရုဏ်တက်ချိန်တွင် အိမ်ဘုရား၌ မုန်ညှင်းပေါင်းကပ်လှူပါ။

အကျိုးပေးဂဏန်း = ၂၊၁

အကျိုးပေးအရောင် = လိမ္မော်ရောင်၊အပြာရင့်ရောင်

အင်္ဂါသားသမီးများအတွက်တစ်လစာကံကြမ္မာ

ထယ်ရိုနိမိတ် = Four Of Cups (အနည်းငယ်ညံ့)

စီးပွားရေး = စီးပွားရေး၌အခွင်အလမ်းများပေါ်လာတတ်ပါတယ် သို့သော်ပေါ်လာသောအခွင့်အလမ်း၊ကောင်းမွန်မှုကိုအားမလိုအားမရဖြစ်တတ်ပါတယ် စိတ်မကျေနပ်၊မနစ်မျို့ဖွယ်ရာများကြုံလာတတ်ပါတယ်

ငွေကြေး = ငွေကြေးကံသိပ်မကောင်းပါ ဝင်သည်ကဝင်ပါမယ် သို့သော်ဝင်သလောက်စိတ်ကျေနပ်မှာမဟုတ်ပါဘူး ငွေကြေး၌ကြားခံကတိကိစ္စဝင်မလုပ်ပါနှင့်

အချစ်ရေး = ချစ်သူနှင့်ခဏခဏစိတ်ဆိုးစိတ်ကောက်ဖြစ်တတ်ပါတယ် အချစ်ရေးကိစ္စတွင် မကောင်းသောသတင်းဆိုး၊သွေးထိုးချောက်ချစကား စသည်တို့ကြားရတတ်​ပါတယ် ချစ်ရေးဆိုခံရနိုင်ပါတယ် သို့သော်မိမိtype မဖြစ်တတ်ပါ

ပညာရေး = မိမိရလာသောအဆင့်ကိုစိတ်မကျေနပ်တတ်ပါ ပညာရေးတွင် ခက်ခဲသောအရာများကိုလေ့လာရ၍လက်လျှော့ချင်စိတ်တစ်ဖွာဖွာပေါ်လာတတ်ပါတယ် သို့သော်စိတ်ကိုအားတင်းထားပါ ဖြည်းဖြည်းမှန်မှန်လေ့လာပါလျှင်အချိန်တန်ကပြီးစီးအောင်မြင်သွားပါလိမ့်မယ်

လူမှုရေး = လူမှုရေးကံသိပ်မကောင်းတတ်ဘူးဟုဆိုရပေမယ့် ထိုမကောင်းသောကြားမှအကူအညီများထွက်ပေါ်လာတတ်ပါတယ် လူများ၏သွေးထိုးချောက်ချစကားများကြားရတတ်ပါတယ်

အိမ်ထောင်ရေးနှင့်အိမ်တွင်းရေး = အိမ်ထဲမှမိသားစုဝင်များနှင့်စိတ်တိုင်းမကျစရာကြုံတတ်ပါတယ် စိတ်အလိုမကျဖြစ်နေရတတ်ပါတယ် အိမ်သူအိမ်သားများကို စိတ်သိပ်ကြည်မည်မဟုတ်ပါ

ကျန်းမာရေး = အာရုံကြောရောဂါ၊နားအူခြင်း၊အိပ်ရေးမဝခြင်း၊အားနည်းခြင်း စသည်ကိုဂရုပြုပေးပါ

ယတြာ = လမ်းတွင်တွေ့သောမရှိနွှမ်းပါးသူများအား စားစရာလှူဒါန်းပါ။

အကျိုးပေးဂဏန်း = ၄၊၈

အကျိုးပေးအရောင် = ရွှေရောင်၊အဝါရောင်

Comments