စိတ်ညစ်မူတွေရှိနေရင် ဖတ်ကြည့်...




1.....
နည်းနည်းလေးစိတ်ဖိအားလေးတွေ ရှိနေတတ်တယ်ဆိုပေမယ့် မင်းကတော့ အကောင်းဆုံးကြိုးစားလုပ်ဆောင်နေတာကိုတွေ့ရတယ် ။မင်းစိတ်ထဲမှာလည်း တစ်ခုခုကို ကြိုးစားချင်စိတ်တွေ ၊ရင်ဆိုင်ဖြေရှင်းချင်စိတ်တွေ ဖြစ်ပေါ်နေတတ်တယ် ။ကံကတော့ မင်းဖက်မှာပါပဲ ။စိတ်တွေအပြောင်းအလဲမြန်နေတတ်တာမို့ အရင်ဆုံးမင်းရဲ့စိတ်ကိုတည်ငြိမ်အောင်ထားပါ ။ပြီးမှ ဘာဆက်လုပ်သင့်တယ်ဆိုတာကို သေချာဆုံးဖြတ်စေချင်ပါတယ် ။မင်းရဲ့တချို့အရာတွေအပေါ်အရမ်းအာရုံစိုက်နေတာက မင်းအတွက်အကျိုးရရှိစေမယ့်အရာတွေကို လက်လွှတ်မိသလိုဖြစ်နေတာကိုလည်းမမေ့ပါနဲ့ ။မကြာခင် ဘဝအတွက် စွန့်စားရမယ့်အရာတွေရှိလာမှာပါ ။မြင်အောင်ကြည့်ပါ ၊အကောင်းဆုံးလုပ်ဆောင်ပါ ။အရေးမပါတဲ့အရာတွေအပေါ် အချိန်ပေးလွန်းနေတာကိုလည်း ထပ်ပြီးသတိပေးလိုက်ပါတယ် ။ဒီpileကို ရွေးထားသူတွေ ကံကောင်းမှုတစ်‌ခုလာနေတာကို တွေ့ရတယ် ။အချစ်ရေး ၊ငွေကြေးနဲ့ပတ်သက်တာမျိုးပါ ။စွန့်စားရမယ့်အချစ်တွေ့ရတတ်သလို ရုတ်တရက်ငွေကြေးကံကောင်းမှုမျိုးလည်း ရရှိတတ်ပါတယ် ။မင်းရဲ့စိတ်ကလေးကို healing လုပ်ပေးဖို့ မမေ့ပါနဲ့

2.....
အရာရာဟာ အသစ်အသစ်တွေဖြစ်ပေါ်လာတော့မယ် ။စိတ်ခံစားချက်အသစ် ၊အတွေးသစ် ၊အမြင်သစ်တွေပေါ့ ။တိုးတက်ပြောင်းလဲလာမယ့်အခြေအနေတစ်ခုရရှိလာမယ် ။တချို့နေရာဒေသအသစ်တစ်ခုကို သွားရောက်ရတတ်ပါတယ် ။မင်းမှာ ရင်ဆိုင်စရာကိစ္စရပ်တွေပေါ်ပေါက်လာဖို့ရှိတယ် ။ဒါကပဲ မင်းကို အတွေ့အကြုံအသစ်တွေရရှိစေပြီး တိုးတက်လာစေမှာပါပဲ ။စိတ်ထဲမှာ တွေဝေနေတာတွေဖြစ်ပေါ်နေရင် ဆုံးဖြတ်နိုင်လာတော့မယ် ။မင်းလုပ်ဆောင်နေတဲ့ကိစ္စရပ်တွေမှာ အတားအဆီးလေးတွေကြုံရတတ်ပေမယ့် ဒါကမင်းကိုရပ်တန့်စေနိုင်မှာမဟုတ်ပါဘူး ။အနှောင့်အယှက်တွေကြားထဲကမှ လိုချင်တဲ့အရာကိုအရယူနိုင်တာ ၊ရောက်ချင်တဲ့နေရာအဆီအရောက်သွားနိုင်တာတွေ ရှိလာမှာပါ ။ဒါ‌ကြောင့် ဘယ်လိုအရာပဲကြုံလာပါစေ အားမလျှော့ဘဲ ရှေ့ကိုဆက်သွားပါ ။ထူးခြားချက်အနေနဲ့ ဒီpileကိုရွေးထားသူတချို့ စိတ်ထဲမှာထင်နေတဲ့အရာတွေက အမှန်တွေဖြစ်နေတတ်ပါတယ် ။အလိုလိုသိစိတ်ဖြစ်ပေါ်နေတတ်တဲ့ energy တွေ့နေရပါတယ်

Comments