ကံအညံ့တွေအတွက် ယတြာကောင်း




Pile1: အပြိုင်အဆိုင်၊အတိုက်အခိုက်၊အနှောင့်အယှက်လေးတွေ ကြုံတွေ့ရတတ်ပါတယ်။ဘယ်လိုပဲ အခက်ကြုံကြုံ စိတ်ဓာတ်ခိုင်ခိုင်မာမာထားရင် ကျော်ဖြတ်နိုင်ပါလိမ့်မယ်။ပျော့ညံ့တာ၊အရှုံးပေးတာမျိုး မဖြစ်ပါစေနဲ့။ကိုယ့်ကို မနာလိုသူများ ရှိတတ်ပါတယ်။
ဘယ်သူက လာဆွယ်ဆွယ် မကောင်းမှန်းသိရင်
ရှောင်ပါ။
ငွေကြေးအနေနဲ့ 6သောင်း/6သိန်း/သိန်း 60
ဝင်ကိန်းရှိပါတယ်။
အချစ်ရေး/အိမ်ထောင်ရေးမှာ ကြားဝင်တာမျိုး
ရှိတတ်ပါတယ်။ကိုယ့်ချစ်သူ/အိမ်ထောင်ဖက် အပေါ် သစ္စာရှိပေးပါ။ကိုယ်ချစ်ရတဲ့သူက မကောင်းမှန်းသိရက်နဲ့ ဖြတ်ရခက်တာ၊မိဘအသိုင်းအဝိုင်းက သဘောမတူတဲ့သူမျိုးနဲ့ ချစ်ကြိုက်မိတတ်ပါတယ်။Singleများအနေနဲ့ ကိုယ်နဲ့ မဖြစ်နိုင်မှန်းသိတဲ့သူကိုမှ သဘောကျနေမိတတ်ပါတယ်။တခြားလူတစ်ယောက်ဘက်ကို ကိုယ့်Crushက
စိတ်ပါနေတတ်ပါတယ်။
ကျန်းမာရေး-မီးအပူလောင်တာ၊ဗိုက်အောင့်ခြင်း ဗိုက်နာခြင်း စတဲ့ ဗိုက်နဲ့ပတ်သတ်တာမျိုး ဖြစ်တတ်လို့
ဂရုစိုက်ပေးပါ။
အင်္ဂါ၊စနေ သားသမီးများ ကံကောင်းပါမယ်။
ဘယ်လောက်ပဲ အနှောင့်အယှက်၊အခက်အခဲများ ကြုံပါစေ စိတ်ဓာတ်ခိုင်မာစွာဖြင့် ရှေ့ဆက်ပါ။
ဘာသာရေးကို အ​လေးပေး လုပ်ပေးပါ။
Lucky Number: 6
Lucky Color:အနက်ရောင်၊လိမ္မော်ရောင်
တစ်ပတ်တာ အဆင်ပြေကံကောင်းစေရန်
အိမ်ဘုရား၌ ဆီမီး ၅တိုင် ပူဇော်ပါ။
နေ့စဥ် အနုတ္တရောပုရိသဓမ္မသာရထိ 9ခေါက် ပူဇော်ပါ။


Pile2: အခက်အခဲမှန်သမျှ ရင်ဆိုင်ကျော်ဖြတ်နိုင်ပါလိမ့်မယ်။အရာရာမှာ အဆင်ပြေအောင်မြင်ပါလိမ့်မယ်။ကိုယ့်ရဲ့ ပြိုင်ဖက်က ဘယ်လောက်ပဲ အင်အားကြီးနေပါစေ ကိုယ်ကပဲ နိုင်ပါလိမ့်မယ်။အမျိုးသမီးတစ်ယောက်ရဲ့ အကူအညီ၊အထောက်အပံ့ကောင်းများ
ရရှိတတ်ပါတယ်။ကိုယ်ပိုင်လုပ်ငန်းများ တိုးချဲ့နိုင်ပါလိမ့်မယ်။အခက်အခဲတွေကြားက အောင်မြင်မှုတွေ
ပိုင်ဆိုင်မယ့် နိမိတ်မြင်ပါတယ်။
ကိုယ့် ချစ်သူ/အိမ်ထောင်ဖက်က ဘယ်လောက်ဆိုးဆိုး နားဝင်အောင် လိမ္မာအောင် ပြောဆိုနိုင်ပြီး
သူ့ရဲ့တန်ဖိုးမြင့်လာအောင် ကိုယ်က supportပေးနိုင်ပါမယ်။အမျိုးသမီးတစ်ယောက် ကြားဝင်တတ်ပါတယ်။
စိတ်ပူဖို့မလိုပါဘူး။ကိုယ့်အနေနဲ့ ချစ်သူကို
အရင်ကထက် ပိုပြီး ချစ်ခင်ကြင်နာပေးဖို့လိုပါတယ်။
ဘာမှ မလုပ်ရသေးခင် ကြိုတင်ပူပန်ပြီး အတွေးလွန်တဲ့စိတ်ကို ဖျောက်ပါ။အငြင်းသန်တာလေး လျှော့ပေးပါ။
အင်္ဂါ၊ရာဟု၊ဗုဒ္ဓဟူး သားသမီးများ ကံအထူးကောင်းပါမယ်။
အတွေးလွန်ပြီး အိပ်မပျော်တာ၊ခေါင်းကိုက်၊
ကိုယ်လက် ညောင်းညာတာမျိုး ဖြစ်တတ်ပါတယ်။
Lucky Number: 2,4,8
Lucky Color: အနီ၊အဖြူ၊ရွှေဝါ
တစ်ပတ်တာ အဆင်ပြေကံကောင်းစေရန်
ခွေးလေး/ငှက်လေးများကို အစာကျွေးပါ။မေတ္တာပို့ပါ။
နေ့စဥ် ဗုဒ္ဓေါ 9ခေါက် ပူဇော်ပါ။


Pile3: အနှောင့်အယှက်လေးတွေ
သောကဖြစ်ရတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ကိုယ်လုပ်တဲ့ အစီအစဥ်ကို နှောင့်ယှက်တာ၊မကောင်းမြင်သူများ ရှိတတ်ပါတယ်။ကိုယ် ယုံကြည်ရတဲ့သူတွေက
သစ္စာဖောက်တတ်လို့ အထူးဂရုပြုသင့်ပါတယ်။အရေးကြီးတဲ့ကိစ္စရပ်များကို ဘယ်သူ့မှယုံကြည်ပြီး
မပြောသင့်ပါ။လူယုံ ဒုက္ခပေးခြင်းဖြင့် မမျှော်လင့်ထားတဲ့ကိစ္စများဖြစ်လာပြီး ပူဆွေးသောကရောက်ရတတ်ပါတယ်။
ငွေ 20000,90000,200000,900000 စသဖြင့်
2ဂဏန်း 9ဂဏန်း ပမာဏ ဝင်ကိန်းရှိပါတယ်။
အချစ်ရေး/အိမ်ထောင်ရေးမှာ သစ္စာဖောက်မှု
ကြုံရတာမျိုး၊အလိမ်အညာခံရတတ်ပါတယ်။ကိုယ့်
Crush/ချစ်သူ/အိမ်ထောင်ဖက်ကြောင့် ပူပင်သောကရောက်တာမျိုး ကြုံရတတ်ပါတယ်။နှစ်ယောက် အဆင်ပြေနေရင်တောင် ကြားလူများကြောင့် အဆင်မပြေတာမျိုး ဖြစ်တတ်လို့ ဂရုစိုက်သင့်တဲ့ကာလပါ။
သွေးပေါင်ချိန်အတက်အကျမမှန်တာ၊
အမျိုးသမီးရောဂါနဲ့ပတ်သတ်တဲ့ရောဂါ၊
အစာမှားတာ၊ခွေးလိုက်ခံရတာမျိုး ဖြစ်တတ်ပါတယ်။
တနင်္လာ သားသမီးများ ကံတရားရဲ့အထောက်အပံ့ကောင်းများ ရရှိတတ်ပါတယ်။
ယုံကြည်သူများက သစ္စာဖောက်တတ်လို့ အထူး
ဂရုပြုပါ။ဘာသာရေး အရင်ထက် ပိုလုပ်ပေးပါက
အခက်အခဲများကို အဆင်ပြေပြေ ဖြတ်ကျော်နိုင်မှာပါ။
Lucky Number:2,9
Lucky Color:မိုးပြာ၊အဖြူဖျော့ဖျော့
တစ်ပတ်တာ အဆင်ပြေကံကောင်းစေရန်
အိမ်ဘုရား၌ လမုန့် လှူပါ။
ပုရွက်ဆိတ်လေးတွေကို သကြားကျွေးပါ။
နေ့စဥ် ဗုဒ္ဓေါဂုဏ်တော်ကို 9ခေါက် ပူဇော်ပါ။

Comments