မင်းအတွက်ချစ်သူအဖြစ်နောက်ထပ်ဆုံရမယ့်သူ

မင်းအတွက်ချစ်သူအဖြစ်နောက်ထပ်ဆုံရမယ့်သူ




Pile.1
မင်းအတွက် နောက်ထပ် relationship အဖြစ်နဲ့ဆုံတွေ့ရမယ့်သူက အသက်ပိုင်းအားဖြင့် သက်လတ်ပိုင်းလောက်ဖြစ်မယ် အရွယ်နဲ့ မလိုက်အောင် တည်ငြိမ်လွန်းသူလေးတယောက်ဖြစ်နေတတ်ပါတယ် အလုပ်အကိုင် အခြေတကျနဲ့ နေရာတခုရပီးသား သူတယောက်မို့ တည်ငြိမ်ရင့်ကျက်တဲ့ပုံစံမျိုးလေးဖြစ်နေပီး အမြဲတမ်း သပ်ရပ်ကျော့ရှင်းစွာနေတတ်တဲ့သူလေးတယောက်ဖြစ်နေတတ်ပါတယ်
စိတ်ပိုင်းဆိုင်ရာအားဖြင့် သူတပါးကို သြဇာညောင်းစွာပြောတတ်ဆိုတတ်တာကြောင့် အကြောင်းမသိသူတွေအတွက်ကတော့ ဆရာကြီးလုပ်တတ်ပါလားရယ်လို့အထင်ခံရတတ်ပါတယ် တကယ်တော့လေ စိတ်အားဖြင့် ဖြူစင်ပီး မကောင်းတဲ့အရာတွေကို မလုပ်ဖို့ ပဲ့ပြင်တတ် ဆုံးမတတ်တဲ့ စိတ်ရှိနေသူလေးပါ ဘဝရဲ့လောကဓံကို အရွယ်နဲ့ မမျှအောင်ရင်ဆိုင်ခဲ့ရဘူးတဲ့သူတယောက်ဖြစ်နေတဲ့အတွက် လမ်းမမှားအောင်လျှောက်လာရင်း အခုထိဖြစ်တည်လာတဲ့သူ့ကိုယ်သူလဲ ဂုဏ်ယူတတ်တဲ့သူလေးတယောက်ပေါ့ အေးချမ်းတဲ့သွင်ပြင်လေးရှိတတ်ပီး မာကြောသယောင်ဆောင်ထားပေမယ့် တခါတလေတော့လဲ ချစ်ရသူရင်ခွင်ထဲ ကလေးလေးတယာက်လို ဆိုးနွဲ့ချင်စိတ်လေး သူ့မှာရှိနေပါတယ် တခြားသူတွေအတွက် တည်ကြည်သလောက် မင်းနဲ့ဆုံတွေ့တဲ့အခါ ကလေးဆန်နေတတ်တဲ့သူလေးဖြစ်နေပါလိမ့်မယ် သူနဲ့မင်း တွေ့ဆုံချိန် လေးကတော့ မိုးဥတုရဲ့ အေးမြတဲ့ မိုးရေစက်ကလေးတွေ ရွာသွန်းချိန် မှာ မင်းရဲ့ဘဝထဲသူဝင်ရောက်လာပါလိမ့်မယ် ပူလောင်နေချိန်ရောက်လာတဲ့ ရေစက်လေးတခုဖြစ်နေပီး မင်းအတွက်အေးမြခြင်းတွေ ဆောင်ယူပေးပါလိမ့်မယ်


Pile.2
မင်းအတွက်နောက်ထပ် relationship အဖြစ် ဆုံတွေ့ရမယ့်သူကတော့ အရွယ်အားဖြင့် ၂၀ ကျော် ၂၅ လောက်ထဲက ဖြစ်နေတတ်ပါတယ် ကလေးဆန်လွန်းပီး တအိမ်လုံးရဲ့ အလိုလိုက်ခံထားရသူလေးဖြစ်နေတတ်လို့ မင်းအတွက်တော့ ကလေးဆိုးလေး တယောက်ကို လက်တွဲခေါ်ဆုံးမပေးရတာတွေရှိ
မယ့် အနေအထားပါ
သွင်ပြင်အားဖြင့် ကြည်ကြည်စင်စင်လေးရှိပီး မချောသော်လဲ ဝတ်တတ်စားတတ် style မိသူလေး
တယောက်မို့ လူတွေကြားထဲ ထင်းကနဲ ရှိနေသူလေး သဘောကျသူများတဲ့ star လေး ဖြစ်နေတတ်ပါတယ်
စိတ်ပိုင်းဆိုင်ရာအားဖြင့် သဝန်တိုတတ် စိတ်ကောက်တတ် သူများမမြင်တဲ့ဘက်က မြင်တတ်တွေးတတ်လို့ လူ့ဂွစာလေးရယ်လို့ အထင်ခံရတတ်ပါတယ်
ဝါသနာပါတဲ့ ကိုယ်ပိုင် အလုပ်တခုကို ဦးဆောင်လုပ်ကိုင်နေသူလေး ဖြစ်တတ်ပီး ပရဟိတ နဲ့ပတ်သက်လို့ ဝါသနာပါတတ်သလို စိတ်ရောကိုယ်ပါနှစ်ပီး လုပ်ကိုင်တတ်သူလေးတယောက်ဖြစ်နေတတ်ပါတယ်
မိဘဆွေမျိုးများရဲ့ သဲသဲလှုပ်ချစ်ခြင်းကို ရထားတဲ့သူလေး ဖြစ်တာကြောင့် ကလေးဆန် တာ ဆိုးနွဲ့တာလေးတွေ အပြင် ချစ်မိ ကြိုက် မိပီဆို သူမှသူဖြစ်ရမယ်ဆိုတဲ့ စိတ်လေးတော့ရှိနေတတ်ပါတယ်
မင်းနဲ့သူတွေ့ရမယ့် အချိန်ကာလလေးကတော့ ဆောင်းဥတုနဲ့နွေဥတုကြား ကာလလေးမှာ ဆုံတွေ့ရတတ်ပါတယ် မင်းအတွက် အေးချမ်းမှုရော ပူလောင်မှုကိုရော တပြိုင်တည်း လက်ခံရရှိစေမယ့် ဖြစ်တည်မှုလေး နဲ့ဆုံတွေ့ရဖို့ရှိနေပါပီနော်


Pile.3
မင်းအတွက်နောက်ထပ် relationship အဖြစ်ဆုံတွေ့ရမယ့်သူကတော့ မင်းနဲ့ သက်တူရွယ်တူထဲက ဖြစ်ပီး လှပကျော့ရှင်းတယ် မြင်လိုက်တာနဲ့ ယဥ်ယဥ်လေးလှသလို ကျက်သရေရှိတဲ့ ပုံစံလေးဖြစ်နေတတ်ပါတယ် အမြဲတမ်း ကောင်းပေ့ဆိုတဲ့ အရာတွေကိုမှနှစ်သက်သဘောကျတတ်သူလေးဖြစ်ပီး မာနလဲ ကြီးတဲ့ မာနခဲလေးတယောက်ပါ
စိတ်ပိုင်းဆိုင်ရာအားဖြင့် တည်ကြည်သလို မဟုတ်
မခံ ဇတ်ဇတ်ကြဲလေး ဖြစ်တတ်ပီး စကားအမှားမခံတာ အငြှိုးကြီးတာလေးတွေလဲရှိတတ်ပါတယ် သူများအပေါ်မတရားမလုပ်တတ်သလို သူ့အပေါ်
မတရားလာလုပ်တာ တင်စီးတာတွေကြုံရရင်လဲ သာသာနဲ့နာနာ ပြန်နှက်တတတ် ပြုံးပြုံးလေးနဲ့ ချေပြတတ်တဲ့ သူလေးတယောက်ပေါ့
ထက်ထက်မြက်မြက်ရှိပီး နေရာတခုမှာရာထူးလစာကောင်းကောင်းနဲ့ လုပ်ကိုင်နေသူတယောက်ဖြစ်မှာပါ မိသားစုဝင်တွေထဲမှာလဲ စိတ်အထက်ဆုံး မာနအကြီးဆုံးလေး ဖြစ်ပီး မိသားစုဝင်တွေက မြှောက်စားထားတဲ့အနေအထားလေးတွေကြောင့် တခါတလေ တော်ရုံသူလောက်ကို ခေါင်းထဲထည့်မစဥ်းစားတတ် ချစ်တတ်သော်လဲ အချစ်ကို အရမ်းမကိုးကွယ်တတ်တဲ့ style မျိုးရှိနေတတ်ပါတယ် မင်းဘက်က သူ့ကိုချစ်မိသွားပီဆိုရင်တော့ အသဲအသန်ကြိုးစားရတာ သူသတ်မှတ်ထားတဲ့ စံတွေနဲ့အညီ ပုံစံတကျနေပြရတာလေးတွေကြား မွန်းကြပ်မှုလေးတွေခံစားရတတ်ပါတယ်
မင်းနဲ့သူတွေ့ရမယ့်အချိန် ကာလလေးကတော့ အေးမြတဲ့ မိုးတွေ ရွာသွန်းချိန် အေးအေးစက်စက်ဖြစ်နေတဲ့ မင်းဘဝထဲ အနွေးဓာတ်လေးအဖြစ် ရောက်လာဖို့ရှိနေပါတယ်