သူမင်းကို သတိရသေးလား




PAC ( 1 )
သူမင်းကို သတိရသေးလားဆိုတော့ သတိတော့ ရနေပါတယ် ဒါပေမယ့် ကောင်းသော သတိရခြင်းမျိုးတော့မဟုတ်ဘူး။ မင်းအပေါ်မှာ အမုန်းတရားတွေ စိတ်နာကျည်းခြင်းတွေ ဒေါသတွေမျိူး တွေ့ရပါတယ်။ ဒါဟာ မင်းသူ့အပေါ်လုပ်ခဲ့တဲ့လုပ်ရက်မျိုးတွေကြောင့်လည်းဖြစ်နိုင်တယ်။ တော်တော်လေးမင်းကို မုန်းနေတာမျိုး တွေ့ရပါတယိ။ မင်းတို့ကြားမှာ နာကျည်းစရာကိစ္စမျိူးတွေများဖြစ်ခဲ့သလားပဲ။ တယောက်ယောက်ဘက်က တအားအနိုင်ယူခဲ့တာမျိုး သစ္စာဖောက်ခဲ့တာမျိုး ရှိခဲ့လိမ့်မယ်။ ဒါကြောင့် သူ့ရဲ့သတိရခြင်းတွေမှာ အမုန်းတရားတွေနဲ့ အငြိုးတွေ နာကျည်းမှုတွေပါနေတာမြင်ရပါတယ်နော်။


PAC ( 2 )

သူမင်းကို သတိရနေသေးလားဆိုရင်တော့ ရတာပေါ့။ သူ့ရင်ထဲမှာ မင်းနဲ့ပတ်သက်တဲ့ သံယောဇဉ်တွေ ချစ်ခြင်းမေတ္တာမျိုးတွေ ကျန်ရှိနေပါသေးတယ်။ ဒါပေမယ့် အပြင်ပန်း မင်းသူ့ကိုလေ့လာကြည့်ရင်တော့ သိရမှာမဟုတ်ဘူး။ သူက မင်းနဲ့ပတ်သက်တဲ့ခံစားချက်တိုင်းကို
ကောင်းကောင်း ထိန်းချုပ်ထားတာမျိုးတွေရှိတယ်။ မင်းကို သတိရတဲ့စိတ်တွေဖြစ်လာတိုင်း သူ့ကိုသူ အရမ်းထိန်းပစ်လိုက်တာမျိူးတွေရှိတယ်။ သူလည်းကြိတ်ခံစားနေရတာတွေ ရှိလို့ထင်ပါတယ် တော်တော်လေးတော့ ခံစားနေရတယ်။ မင်းတို့ နှစ်ယောက်ကလက်ရှိမှာ တယောက် တနေရာစီ ဝေးနေတာမျိူး ဖြစ်နေမလားပဲ။ သူကတော့ မင်းကို အဝေးကနေ လှမ်း၍ သတိတွေရနေပါသေးရဲ့။


PAC ( 3 )

သူမင်းကို သတိရနေလားဆိုရင် သူမင်းကို သတိရနေသေးတာထက် ပိုတဲ့ ချစ်ခြင်းမေတ္တာတွေပါ ကျန်နေသေးတယ်လို့ ပြောရမှာပဲ။ ခုချိန်မှာ မင်းတို့ ၂ ယောက်ထဲက တယောက်က ချစ်သူ ရည်းစား ရသွားတာမျိူး သို့မဟုတ် ရှိနေတာမျိုး တွေ့ရတယ်။ နောက်ထပ်တယောက်ရသွားတာပဲဖြစ်ဖြစ် ရှိနေတာပဲဖြစ်ဖြစ် အဲ့လို နောက်လူပေါ်လာတဲ့အချိန်မျိူးရောက်မှ မင်းကို သူတကယ်ချစ်တာမှန်း သူသိလာပုံရပါတယ်။ အတူတူ ရှိခဲ့ဖူးတဲ့အချိန်တွေကို ပိုသတိရနေတာမျိုးလည်း တွေ့ရတယ်။ သူ့မှာလည်း မင်းကို ထုတ်မပြနိုင်ခဲ့တဲ့သောက အပူတွေအများကြီးရှိနေခဲ့တာပါပဲ။ ရှေ့ဆက်တိုးဖို့ မဖြစ်နိုင်တော့တဲ့ ကာလမျိူးမို့လို့သာ လက်လျော့ခဲ့လိုက်ရကြပေမယ့် ခုထိတော့ မင်းကိုသတိတရရှိနေသေးတယ်။ ဒါပေမယ့် နောက်လူကိုပဲ ရွေးချယ်မယ်ဆိုတာ သူကြိုသိနေခဲ့ပုံရပါတယ်။

Comments