ချစ်တဲ့သူနဲ့သက်ဆုံးတိုင်ရွှေလက်တွဲရမှာလား

ချစ်တဲ့သူနဲ့သက်ဆုံးတိုင်ရွှေလက်တွဲရမှာလား



Pile1:
ရွှေလက်တွဲမင်္ဂလာပွဲဆင်နွှဲရမယ့်အတွဲလေးတွေပေါ့။ဒီဘဝမှာပေါင်းစည်းမဲ့ကံပါနေတာမို့ကြားထဲအခက်အခဲလေးတွေရှိကြရင်တောင်တယောက်နဲ့တယောက်စည်းလုံးကြရင်အတူဖြတ်ကျော်နိုင်ကြမှာပါ။ဒီအတွဲလေးတွေအတွက်အရေးကြီးတာစည်းလုံးညီညွတ်မှုပါ။ပြဿနာအသေးအဖွဲ့လေးများကိုကြီးအောင်လုပ်ခြင်းရှောင်ပါ။ကြားထဲမနာလိုသူတွေသွေးထိုးနိုင်တယ်နော့။ Diivine masculine Divine feminine လမ်းစဥ်ကို ၂ ယောက်လုံးအတူတူAlignment ဖြစ်အောင်လေ့ကြင့်ပေးပါ။



Pile2:
ချစ်ရဲ့သားနဲ့ မာနလေးတွေထား Ego ပြိုင်နေကြတယ်နော်။အချစ်ခရီးလမ်းမှာပြိုင်ဆိုင်နေရအောင်ပြိုင်ဘက်ရန်သူတွေမှမဟုတ်ကြတာကွယ်။ တကယ်ချစ်ရင် Uncondtional love လေးနဲ့ တယောက်နဲ့တယောက်အလျှော့ပေးနားလည်ပေးကြပါ။ Ego နဲ့ မာနတွေကဆက်ဆံရေးမှာအဆိပ်အတောက်ဖြစ်စေပြီး တဦးနဲ့တဦးခံစားချက်ချင်းဝေးကွာစေပါတယ်။ကြားထဲသွေးထိုးစကားတွေစုံလုံးကန်းယုံကြည်ခြင်းရှောင်ကြပါနော်။ တယောက်ရဲ့ Ego တွေကကျန်တယောက်မှာ Reflect ဖြစ်နေပါတယ်နော်။ မာနတွေနဲ့အလျှော့မပေးစတမ်းဆိုရင်တော့ ၂ ယောက်သားဝေးနိုင်ချေရှိပါတယ်။ချစ်ခင်ကြင်နာနားလည်မှုတွေကိုသာ Reflect လုပ်ပေးကြရင်အရာရာအဆင်ပြေလာမှာပါ။



Pile3: တယောက်နဲ့တယောက်အရမ်းချစ်ကြပေမယ့် ကြားထဲမှာစိတ်နှလုံးသားချင်းခံစားချက်ချင်း အချိတ်အဆက်မိဖို့နဲနဲလိုအပ်နေပါတယ်။ မိမိဘာသာအတွေးလွန်ပူပန်နေလို့ နားလည်မှုလွဲတဲ့ပြသနာလေးတွေမကြာခဏဖြစ်တတ်ပါတယ်။ကိစ္စရှိလျှင်ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးအားပေးကြဖို့လိုပါတယ်။ အချင်းချင်းရင်ဖွင့်စကားများကိုသေချာလေးနားထောင်နားလည်ပေးပြီး နှလုံးသားခံစားချက်ချင်းအချိတ်အဆက်မိလာရင်အချစ်ခရီးလမ်းမှာသာယာပျှော်ရွှင်ရမှာပါ။