သင့်ဘ၀စာမျက်နှာ





Pile - 1
မင်းရဲ့ ဘဝကတော့ အစပိုင်းမှာ အခက်အခဲတွေ ၊ အနိမ်အမြင့်အတက်ကျတွေ ၊ မိသားစုပြသာနာတွေအရမ်းများခဲ့ပေမဲ့ မင်းက ကျော်ဖြတ်နိုင်ခဲ့တယ်လို့ တွေ့ရတယ် ။ မင်းဘဝရဲ့ အစပိုင်းကတော့ အဆင်မပြေတာတွေ ၊ ကံဆိုးစရာကိစ္စတွေ ရှိခဲ့တယ်‌ ။ ဒါပေမဲ့လည်း အဲ့အရာတွေအားလုံးက မင်းကို လောကကြီးအကြောင်း ပိုပြီးသိအောင် ပိုပြီးရင့်ကျတ်တဲ့ လူတစ်ယောက်ဖြစ်လာအောင် Universe ကပေးခဲ့တဲ့ သင်ခန်းစာတွေပါ ။ သင်ခန်းစာတွေ ၊ လောကဒဏ်တွေက မင်းအတွက် ကြမ်းတမ်းကောင်း ကြမ်းတမ်းနိုင်ပေမဲ့ အရာအားလုံးက ကောင်းဖို့အတွက်ဖြစ်လာတာပါပဲ ။ မင်းရဲ့ ကံက မင်းဘဝရဲ့ အလယ်လတ်ပိုင်းနဲ့နောက်ဆုံးမှာတော့ ကောင်းလာဖို့ ရှိပါတယ် ။ အလယ်အလတ်ပိုင်းမှာ ထူးခြားတဲ့ကံကောင်းမှုတွေ ကြုံရတက်တယ် ။ ဥပမာ - ကိုယ့်ရဲ့ soulmate နဲ့တွေ့ပြီး အိမ်ထောင်ကျတာမျိုး ၊ ကိုယ့်ရဲ့ ဘဝအောင်မြင်မယ့် career လမ်းကြောင်းရှာတွေ့တာမျိုး ၊ အမွေရတာမျိုး ၊ သူများတွေလို မပူပန်ရတော့ပဲ အဆင်ပြေပြေနေရတာမျိုး ၊ ရာထူးတိုးတာမျိုး စသဖြင့် အကောင်းဆုံးအရာတွေ ရရှိတက်တယ်နော် ။ နောက်ပြီး မင်းရဲ့ အိုဇာတာကောင်းမယ် ။ အသက်ကြီးလာလေလေ ပိုပြီးအေးအေးချမ်းချမ်းနဲ့နေနိုင်လိမ့်မယ် ။ ငြိမ်းချမ်းမှုအစစ်ကို မင်းရှာတွေ့လိမ့်မယ်


Pile - 2

မင်းရဲ့ ဘဝကတော့ အစပိုင်းမှာ အိမ်တွင်းရေးပြသာနာတွေ ၊ စိတ်ညစ်စရာ ၊ စိတ်ရူပ်စရာကိစ္စတွေ‌တော်တော်များများနဲ့
ကြုံခဲ့ရတယ် ။ အထူးသဖြင့် ကိုယ့်ရဲ့ဆန္ဒ ၊ ကိုယ့်ရဲ့ ရည်မှန်းချက်တွေအတွက် ချုပ်တိမ်းပြီးမြိုသိပ်နေခဲ့ရတဲ့ အချိန်တွေများလိမ့်မယ် ။ တစ်ချို့‌တွေအတွက်ဆိုရင်တော့ ငယ်ဘဝကို လွတ်လွတ်လပ်လပ် ကိုယ့်ရဲ့စိတ်ကြိုက် မရှင်သန်ခဲ့ရတာ ၊ မနေခဲ့ရတာတွေ များလိမ့်မယ် ။ မင်းတို့က လောကကြီးအကြောင်းကို သိသလိုလိုနဲ့ ကောင်းကောင်းနားမလည်သေးတဲ့ လူတွေပဲ ။ ဒါကလည်း မင်းတို့ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေကြောင့်ဖြစ်မယ် ။
မင်းမှာ လောဘကြီးတဲ့စိတ် ၊ အောင်မြင်ချင်တဲ့စိတ်တွေ အရမ်းပြင်းပြနေတယ် ။ မင်းဘဝရဲ့ အလယ်လတ်ပိုင်းမှာတော့ ရုန်းကန်ရတာတွေ ၊ ကျရူံးမှုတွေ ၊ အဆင်မပြေတာတွေ ၊ ဘဝအတွက်ကြိုးစားနေရတာတွေ ရှိအုံးမယ်ဆိုပေမဲ့လည်း စိတ်ဓာတ်မကျပဲ ကြိုးစားပါ ။ နောက်ဆုံးမှာတော့ မင်းတကယ်လိုချင်တဲ့ ဘဝ ၊ စစ်မှန်တဲ့ ပျော်ရွင်မှု ၊ ပြည့်စုံတဲ့ မိသားစုဘဝကို အပြည့်အဝရရှိနိုင်ပါလိမ့်မယ် ။ ဟိုးအရင်ကတည်းက အကောင်အထည်ဖော်ချင်နေတဲ့ ၊ ဖြစ်ချင်နေတဲ့ မင်းရဲ့ ဆန္ဒတွေ ၊ စိတ်ကူးတွေ အားလုံး ကိုလည်း ဖြစ်အောင်လုပ်နိုင်လာပါလိမ့်မယ် ။ တစ်နေ့နေ့ပေါ့

Comments