သင့်အတွက် စာအတိုအထွာ




Pile1လေးတွေစိတ်အတက်အကျမြန်နေတက်တယ်ရှင် စစ်မှန်တဲ့ချစ်ခြင်းမေတ္တာလေးကိုတန်ဖိုးထားပါ မင်းတစ်ယောက်ထဲအတွက်လို့
အပြည့်အဝယုံကြည်လို့ရမဲ့မေတ္တာမျိုးပေါ့အကန့်တော့ခွဲထားပါ
စိတ်မကြည်တိုင်းကိုယ့်ကိုမေတ္တာပေးတဲ့သူကိုလျစ်လျှူမရှုမိပါစေနဲ့
ငွေကြေးကံကောင်းခြင်းလည်းရရှိပါလိမ့်မယ် စိတ်အတက်အကျများတာ
အတွေးလွန်တာတွေကိုစွန့်ပစ်ပြီး မေတ္တာနဲ့အေးချမ်းခြင်းကိုအခြေတည်တဲ့
ဘဝနေထိုင်မှုအသစ်ကိုစတင်ပါ


Pile2:စိတ်ပင်ပန်းတာမျိုးမဆုံးဖြတ်နိုင်တဲ့အခြေအနေလေးတွေကနေ
လွတ်မြောက်ပြီးမှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ပါလိမ့်မယ်
အချစ်ရေးမှာကိုယ်ကရိုးသားခဲ့သူသစ္စာရှိသူဆိုရင်ပြန်ပြီး
ဂရုစိုက်မှုလေးတွေမေတ္တာလေးတွေရလာပါလိမ့်မယ်
တစ်ချို့ပင်ပန်းနေတဲ့ဆက်ဆံရေးတွေကိုလက်လွှတ်နိုင်တဲ့သူ
တစ်ချို့လည်းတွေ့ရပါတယ် ကိုယ့်ရဲ့ထိခိုက်နာကျင်နေတဲ့
စိတ်ကလေးကိုမေတ္တာနဲ့ထွေးပွေ့ပြီးတက်နိုင်သရွေ့ကုစားကြည့်ပါ
ကိုယ့်ကိုကိုယ်အပစ်တင်မဲ့အစားခွင့်လွှတ်မေတ္တာထားနိုင်မလား
ဒါမှမဟုတ် ဥပေက္ခာ တရားကိုရွေးချယ်မလားဆုံးဖြတ်နိုင်ပါလိမ့်မယ်


.Pile3: အလုပ်ကြိုးစားတဲ့သူလေးတွေရွေးမိတဲ့ pileလေးပဲ
ငွေနံ့တွေရနေတဲ့ pileပေါ့ကွယ်
စောင့်မျှော်နေတဲ့ရစရာရှိတာလေးတွေရလာတက်ပါတယ်
ကိုယ်ပိုင်လုပ်ငန်းလုပ်ဖြစ်နေတဲ့သူလေးတွေလည်း
မျှော်လင့်တာထက်အဆင်ပြေလာတက်ပါတယ် တစ်ချို့
အတိုက်အခံလေးတွေကြုံရတက်ပါတယ် ကိုယ်ကမေတ္တာပေးပေမဲ့
တစ်ဖက်ကအထင်လွဲတာလေးတွေကြောင့်စိတ်မချမ်းမြေ့တာရှိပေမဲ့
မပူပါနဲ့ မေတ္တာဆိုတာကိုယ်ပေးလိုက်တဲ့သူဆီကပြန်မရရင်တောင်
မထင်မှတ်ထားတဲ့ပုံစံမျိုးနဲ့စေတနာနဲ့ထပ်တူကျတဲ့ကံကောင်းခြင်းကတော့
မင်းဆီကိုရောက်လာဦးမှာပါ

Comments