အနာဂတ်က မင်းရဲ့ အသိုင်းအဝိုင်း

အနာဂတ်က မင်းရဲ့ အသိုင်းအဝိုင်း





Pile-1
အနာဂတ်မှာ မင်းနေထိုင်တဲ့ ပတ်ဝန်းကျင် ၊ဖြစ်တည်နေတဲ့ အသိုင်းအဝိုင်းက မင်းနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါလိမ့်မယ်။ မတတ်သာလို့သာ ဒီလိုအသိုင်းအဝိုင်းနဲ့ ဆက်ဆံနေရတာ တကယ်တော့ မင်းက တစ်ယောက်တည်း အေးအေးဆေးဆေးနေချင်တဲ့သူမျိုး ဖြစ်လာမယ်။ အထူးသဖြင့် တကိုယ်သမားပီပီ တစ်ယောက်တည်း ခရီးတွေထွက် ၊အလုပ်တွေလုပ် ပြီး နေချင်ပေမယ့် မင်းရဲ့ အသိုင်းအဝိုင်းက မင်းကို ဘယ်တော့ အိမ်ထောင်ပြုမှာလဲ လို့မေးတဲ့စကားတွေကြောင့် စိတ်ညစ်နေရတက်တယ် အဲ့အချိန်မှာ ချစ်သူရှိနေပေမယ့် လက်မထပ်ချင်သေးဘဲ ရှောင်ပြေးချင်နေတဲ့ ခံစားချက်မျိုး မင်းမှာရှိနေတယ် အသိုင်းအဝိုင်း ၊သူငယ်ချင်း ၊ပတ်ဝန်းကျင်‌ကလူတွေက နွေးထွေးပေမယ့် မင်းကတော့ တစ်ယောက်တည်း အေးဆေး ဖြတ်သန်းချင်နေပြီး ဘေးလူတွေရဲ့စကားတွေကြောင့် နားပူနေပါလိမ့်မယ်။
pile -1ကိုရွေးတဲ့သူလေးတွေက အပျိုကြီး ၊လူပျိုကြီး ဖြစ်ဖို့ ရာခိုင်နှုန်းများတက်ပါ့တယ်


Pile-2
အနာဂတ်က အသိုင်းအဝိုင်းက အခုထက်ပိုပြီး ကောင်းမွန်နေပါတယ်။ ပညာတတ် အသိုင်းအဝိုင်း တစ်ခု ဒါမှမဟုတ် စီးပွားရေးအသိုင်းအဝိုင်းထဲမှာ ရောက်နေပြီး သင့်ရဲ့ ဖြစ်တည်မှုကလည်း အောင်မြင်မှု level တစ်ခုအထိ ရောက်ရှိနေပါပြီ။ ပြီးတော့ နင်းရဲ့ လက်တွဲဖော်ကလည်း မင်းကို like a king/queen လို ဆက်ဆံပြီး အနားမှာရှိနေပေးပါတယ်။ ဒါပေမယ့် သူကပဲ အရာရာကို ဦးဆောင်ပေးပါလိမ့်မယ်။ အလှူအတန်းတွေ လည်း လုပ်နေနိုင်ပြီမင်င်းကိုယ်တိုင်က အလုပ်နှစ်ခုကို တပြိုင်တည်းလုပ်ပြီး ရပ်တည်နေနိုင်တာမျိုးကိုတွေ့ပါတယ်။ pile .2ကိုရွေးထားတဲ့ အမျိုးသမီးလေးတွေကတော့ Life is absolutely perfect ဆိုတာမျိုး ဖြစ်လာမှာပါ။ ဦးဆောင်ပေးမယ့် ယောကျာ်းနဲ့ ကိုယ်ပိုင်အလုပ်မှာလည်း အဆင်ပြေနေပါတယ်။ သူငယ်ချင်း အသိုင်းအဝိုင်းကလည်း မင်းအပေါ်မှာ တကယ်ကောင်းမွန်ကြပါလိမ့်မယ်။ ဒါပေမယ့် အိမ်ထောင်ရေးမှာတော့ မင်းကပဲ အလျှော့ပေးရမယ့်သူပါ။

Pile -2ကိုရွေးတဲ့အမျိုးသားတွေကတော့ အလုပ်မှာ ရာထူးမြင့်ပြီး အသိုင်းအဝိုင်းမှာ မျက်နှာပွင့်လာပြီး လူတိုင်းသဘောကျ ၊အားကျတဲ့ level တစ်ခုရောက်နေတာကို တွေ့ပါတယ်။ လှပ တဲ့ အိမ်ထောင်ဖက်ကိုလည်း ပိုင်ဆိုင်ရပေမယ့် မင်းဘက်က သူ့အပေါ် အနိုင်ယူမိတာမျိုးတွေရှိတတ်လို့ အဲ့တာလေးကိုတော့ သတိထားပေးပါ

Pile-3
ဒီ pile ကိုရွေးတဲ့သူလေးတွေက အနာဂတ်မှာ ပတ်ဝန်းကျင် ၊အသိုင်းအဝိုင်းကို အရမ်းအလေးမပေးတော့ပါဘူး။ မိသားစု နဲ့ သားသမီးတွေ အတွက်ပဲ အချိန်ကုန်တာ များနေပါလိမ့်မယ်။ အနာဂတ်မှာ မင်းက ရင့်ကျက်ပြီး အရာရာကို စီမံခန့်ခွဲနိုင်တဲ့ အိမ်ထောင်ရှင်ကောင်းတစ်ယောက်အနေနဲ့ တွေ့ထားပါတယ်။ အရမ်းကြီး ချမ်းသာချင်စိတ်လည်း မရှိနေဘဲ အဲ့ဒီဘဝမှာပဲ ကျေနပ်ပြီး အေးချမ်းနေပါလိမ့်မယ်။ အသိုင်းအဝိုင်းကျဉ်းပြီး မိသားစုကိုပဲ အလေးတတ်တဲ့သူ ဖြစ်လာမှာပါ။ ဂရုစိုက်ပြီး ကြင်နာတတ်တဲ့ အိမ်ထောင်ဖက်ကို ရရှိပါလိမ့်မယ်။ ဒါပေမယ့် အိမ်ထောင်ဖက်ရဲ့ ဆွေမျိုးတွေက သင်တို့နှစ်ယောက်ကြားထဲဝင်ပြီး နှောက်ယှက်တာတွေ ၊မနာလိုပြီး မဟုတ်တာတွေ လျှောက်ပြောတာတွေကြောင့် အနည်းငယ်တော့ စိတ်ညစ်ရတက်ပါ့တယ်