ကံကြမ္မာနိမိတ်ဖတ်ခြင်း




Pile1: ပြည့်စုံခြင်းနိမိတ်ရောင့်ရဲတဲ့စိတ်တွေလဲရှိသလို မိမိရဲ့lifeကိုကပြည့်”စုံ”နေထိုင်ရမည့်ကံမျိုးဖြစ်တာကြောင့် တစ်ခါလေမပူပန်တာမျိုးပါ
ဦးနှောက်ရဲ့လမ်းညွှန်မှုတွေနောက်ကိုလိုက်တဲ့သူလို့ထင်ရပေမယ့် တကယ်တမ်းနှလုံးသားနဲ့ဆုံးဖြတ်ချက်ချတာများပါတယ်
ဘဝမှာ ငွေကြေးကံအလွန်ကောင်းမွန်ပါတယ်
အလုပ်အကိုင်ကိုယ်ပိုင်စီးပွါးရေးတွေပိုအကျိုးပေးပြီးအဆင်ပြေတတ်ပါတယ်
အချစ်ရေးမှာနားလည်ပေးရတဲ့သူကကိုယ်ဖြစ်နေတတ်ပါတယ် သနားတဲ့စိတ်နဲ့မချစ်သင့်တဲ့သူကိုချစ်မိတတ်ပါတယ် အတွေးချင်းမတူတာကြောင့် ကိုယ်ကကောင်းစေချင်လို့လုပ်ပေးရင်တောင်တစ်ဖက်ကကိုယ်ပေးတာကိုသိပ်မယူတတ်ပါဖူး
လူမှုရေးကံကောင်းပါတယ်


Pile2: အောင်နိုင်ခြင်းနိမိတ်
နောက်ပြန်လှည့်ကြည့်တတ်သူမဟုတ်ပဲရှေ့ကိုပဲဇွတ်တိုးတက်သောသူမျိုး
လိုချင်တာကိုမရရအောင်ကြိုးစားချင်တဲ့စိတ်မျိုး
ဒွိဖြစ်နေတာတွေရှိပေမယ့် ရွေးချယ်စရာ၂ခုဆိုရင်တောင်၂ခုလုံးကိုရွေးချယ်ချင်နေတာကြောင့်ဒွိဟဆိုတဲ့အခြေနေတွေဇေဝေဇဝါတွေဖြစ်နေတတ်တာပါ
အလုပ်အကိုင်စီးပွါးရေးမှာထူးချွန်တတ်ပါတယ် အချစ်ရေးမှာအတ္တကြီးတယ်အထင်ခံရတတ်တယ်
ကိုယ်ချစ်ရတဲ့သူနဲ့နီးစပ်ပါလိမ့်မယ်အချစ်ခံရမယ် ဦးစားပေးခံရမယ်
လူမှုရေးမှာအရေးပေးခံရမယ်
နိုင်ငံရပ်ခြားကံတွေကောင်းမွန်တယ်

Comments