သတိထားစရာ



1...အနာဂတ်တွေ မနက်ဖြန်တွေမှာ ဘာတွေများ ဖြစ်လာဦးမှာလဲ ဆိုပြီး ပူပန်သောကတွေ ဖြစ်လာရတတ်တယ်။တစ်ယောက်တည်း နေလိုစိတ်နဲ့အတူ အထီးကျန်မှုတွေကလည်း တစ်စတစ်စ ကြီးထွားလာလိမ့်မယ်။ တချို့တွေဆိုရင် အကောင်းဆုံးတွေဖြစ်လာဖို့ ကြိုးစားနေရင်းနဲ့ အလွဲတွေ ကမောက်ကမ အခြေအနေတွေကို ဖြတ်ကျော်နေရတတ်တယ်။ အချစ်ရေးမှာလည်း မကြာခဏဆိုသလို နားလည်မှု လွဲတတ်ပါတယ်။ အသက်ဂုဏ်ဝါ ကြီးရင့်သူများ အယူအဆ မတူသူများကြောင့် စိတ်ရှုပ်ရလိမ့်မယ်။ စိတ်မြန်လက်မြန်နဲ့ပဲ ဖြေရှင်း ရင်ဆိုင်နေချင်တတ်တယ်။ အဲ့တာ မကောင်းပါဘူး။ အရာရာတိုင်းဟာ စိတ်အလိုမကျစရာ ဒေါသဖြစ်စရာကောင်းနေရင်တောင် ကိုယ့်ဘဝကို မြတ်နိုးတဲ့စိတ်နဲ့ သည်းခံပေးရပါမယ်။အလုပ်အကိုင်တွေ အဆင်ပြေလာပြီး ငွေကြေးကံ မြင့်လာပါစေလို့ ဆုတောင်းပေးပါတယ်။ သင့်ရဲ့ အရည်အချင်းတွေကြောင့် ဒီဆုတောင်းလေးက မကြာခင်မှာ ပြည့်ဝလာစေမှာပါ။


2...Bad habits တွေကို သေချာထိန်းချုပ်နေရတာမျိုး ဖြစ်တတ်တယ်။ ဥပမာ ဒေါသကြီးတဲ့လူက ဒေါသမထွက်မိအောင် သတိထားနေရတာမျိုး၊ အစားအသောက် ချစ်တဲ့လူက လျှော့စားနေရတာမျိုး၊
နဂိုကတည်းကအလုပ်လုပ်ရမှာ ပျင်းတဲ့လူက ပိုပျင်းလာလို့ စိတ်ရှုပ် နေရတာမျိုးတွေပေါ့။ ဒီကာလမှာ အတွေးတွေ မကျယ်ပြန့်အောင် သတိထားတာ အကောင်းဆုံးပါ။ ဥပမာပေးရရင် လူတစ်ယောက်က ကိုယ့်ကို အမြင်ကက်နေတယ်လို့ ကိုယ်သိလိုက်ရတယ်ဆိုပါစို့ ငါဘာလုပ်မိလို့လဲ ငါ့ကို ဘာလို့ ကြည့်မရတာလဲ ငါဘယ်လိုလုပ်ပေးရမလဲ တွေ စဉ်းစားမနေဘဲ အော် သူလည်း သူ့စိတ်နဲ့သူပါလေ ဆိုပြီး အတွေးတွေကို ရှည်လျားထွေပြားအောင် လုပ်မနေဘဲ ရပ်တန့်ပါ။ စကားလုံးလေးတွေအတွက် အပြုအမူ အသေးလေးတွအတွက် သူများနဲ့ စိတ်ဝမ်းမကွဲပါစေနဲ့။ မကြာခင်မှာ အဆင်ပြေစိတ်ချမ်းသာရမယ့် ကာလ ရောက်တော့မှာပါ။ အချစ်ရေး ကံ ကောင်းလာမယ်။ စိတ်ကူးအိပ်မက် တချို့ လက်တွေ့ဖြစ်လာမယ်။ စက်ပစ္စည်း အဝင်ရှိမယ်။

3...အချစ်ရေးမှာ မကြာခဏ စကားပြောရအဆင်မပြေဖြစ်တတ်သလို အရေးကြီးတဲ့ လုပ်ငန်းကိစ္စတွေမှာလည်း အတားအဆီး အနှောက်အယှက်လေးတွေ ကြုံရတတ်တယ်။ ငွေကုန် စရာ ကိစ္စလေးတွေလည်း များတတ်တယ်။ တချို့တွေက မိသားစု အပူလေးတွေ ကြုံနေရလိမ့်မယ်။ ကိုယ်က ပန်းတိုင်ရှိတဲ့ ခရီးအဆုံးထိ သွားနိုင်မယ့်လူပါ။ အားတွေ မလျော့သွားပါစေနဲ့။ ရဲရင့်မှု သည်းခံနိုင်မှုတွေက သင့်ရဲ့ ခရီးဖော်တွေပါ။ ကံတရားဟာ အကောင်းဘက်ကို ပြောင်းလဲလာတော့ မယ်လို့တော့ မှတ်ချက်မပေးချင်သေးဘူး။ သိပ်မကြာခင် မှာ ကြုံတွေ့ရမယ့် ကိစ္စလေးတွေ ရှိဦးမယ်။ သင့်ကို ကူညီပေးမယ့်လူတွေရှိသလို အစောင့်အရှောက်တွေကလည်း ပစ်မထားပါဘူး။ သင့်ရဲ့ တာဝန်က စိတ်ဓာတ်မကျဖို့ပါ။ လူကြီးသူမ မိဘ ဆွေမျိုးတွေကို ဂရုစိုက်ပေးပါ။ ဘာကိုပဲ ဆုံးဖြတ် ဆုံးဖြတ် မလောပါနဲ့။စိတ်ငြိမ်တဲ့ အချိန်မျိုးမှာ ဦးနှောက်နဲ့ ခံစားချက်ကို မျှမျှတတသုံးပြီး အဖြေရှာပါ။






Comments