ဖြတ်သန်းရမယ့် ဘဝအတွေ့အကြုံ

ဖြတ်သန်းရမယ့် ဘဝအတွေ့အကြုံ




Pile1: 2024 မှာ အချစ်ရေး၊အိမ်​​ထောင်ရေးကံကောင်းနေတယ်လို့ဆိုရပါမယ်။ချစ်သူရှိပြီးသားသူ တွေ ချစ်သူနဲ့ တရားဝင် မဂ်လာဆောင်တာမျိုး၊စေ့စပ်တာမျိုးအထိ ဖြစ်နိူင်တဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။အိမ်ထောင်ရှိပြီးသားသူတွေ ကလေးရတနာရကိန်းရှိပါတယ်။နိုင်ငံရပ်ခြားကံကောင်းတာ​ကြောင့် နိုင်ငံရပ်ခြားထွက်ဖို့လုပ်နေသူတွေ ကြိုးစားပါ။မိသားစုလိုက်အထိ ပြောင်းရွှေ့နေထိုင်ရကိန်းမြင်ပါတယ်။အလုပ်အကိုင်အပြောင်းအလဲ ဖြစ်တက်ပါတယ်။အလုပ်မှာကိုယ်နဲ့ယှဥ်ပြိုင်နေသူများထက် ပိုပြီးတော်ကြောင်း ထက်​​ကြောင်း ပြသရမယ့်နှစ်တစ်နှစ်ဖြစ်ပါတယ်။အပြိုင်အဆိုင်တွေ ဆွဲချလိုစိတ်ရှိသူတွေနဲ့တော့ကြုံရမယ့်နှစ်တစ်နှစ်ပါ။မိသားစုကံလည်းအရမ်းကောင်းပါတယ်။ကိုယ့်မိဘအသိုင်းအဝိုင်း၊မိဘဆွေမျိုးများက Supporting ပေးမယ့်နှစ်တစ်နှစ်လည်းဖြစ်ပါတယ်။


Pile2:ကျန်းမာရေးညံ့နိုင်တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။လူမှူရေးမှာအတိုက်အခိုက်ခံရတက်ပါတယ်။လူယုံနောက်ကျောဓားနဲ့ထိုးတက်လို့ ကိုယ်အတွင်းရေးသိုသိူသိပ်သိပ်နေရမယ့်နှစ်တစ်နှစ်ဖြစ်ပါတယ်။2024မှာအရာရာကို ထိန်းချုပ်နိုင်ပါမယ်။Gym တို့ Yoga တို့ဆော့ဖြစ်ပါမယ်။Physical apperance အတွက်ဦးစားပေးမယ့်နှစ်တစ်နှစ်ပါ။ချစ်သူကိုသဝန်တိုပြီးချုပ်ချယ်နိူင်ပါတယ်။Wedding ပွဲတွေ၊Graduation ပွဲတွေတက်ရမယ့်နှစ်တစ်နှစ်ပါ။ကိုယ်ကိုယ်တိုင်ရဲ့ ပွဲလည်းဖြစ်သွားနိုင်ပါတယ်။သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပိုပြီးအချိန်ကုန်မယ့် နှစ်ဖြစ်နိုင်ပါတယ်။အလုပ်အကိုင်နဲ့ပတ်သတ်ပြီး တိုးတက်အောင်မြင်မှုများစွာရရှိနိုင်ပါတယ်။


Pile3:2024 အတွင်း Stress များပြီး အိပ်ရေးပျက်တာတွေ၊စိတ်ကြောင့်ကျန်းမာရေးညံ့တာလေးတွေဖြစ်တက်တဲ့နှစ်တစ်နှစ်ပါ။အိပ်ရေးပျက်တာကြောင့်စိတ်မကြည်မလင်ဖြစ်နေတက်တာမို့ အိပ်ရေးဝဝအိပ်ဖို့ရေများများသောက်ဖို့ Self Care ကို တက်နိုင်သမျှပိုအလေးထားနိုင်သမျှ အလေးထားဖို့ ကိုယ့်ကိုဂရုစိုက်ဖို့ လိုအပ်တဲ့နှစ်တစ်နှစ်ပဲဖြစ်ပါတယ်။အပြောင်းအရွှေ့ကိန်းလေးတွေတွေ့ရပါတယ်။သို့သော် မပြောင်းချင်ပဲ ပြောင်းလိုက်ရတာမျိုး၊စိတ်မပါတာမျိုးမြင်မိပါတယ်။အလုပ်အကိုင်သော်လည်းကောင်း၊နေရာထိုင်ခင်းသော်လည်းကောင်းဖြစ်တက်ပါတယ်။Single တွေဂေါ်မစွန်သေးတဲ့နှစ်မို့ အေးရာအေးကြောင်းသာသာယာယာသာနေပါလို့အကြံပေးချင်ပါတယ်။ချစ်သူရှိသူတွေပြတ်လိုက်ဆက်လိုက်ဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် Stalking လုပ်နေတက်ပါတယ်။ပညာရေးကံကောင်းပါတယ်။အလုပ်အကိုင်ငွေရေးကြေးရေး Stable မဖြစ်တဲ့နှစ်မို့ ပညာရေးသာအဓိကထားစေချင်ပါတယ်။