ကိုယ်နဲ့ဝေးပြီးတော့မှသူ့စိတ်ထဲဘယ်လိုခံစားချက်ရှိလဲ

ကိုယ်နဲ့ဝေးပြီးတော့မှသူ့စိတ်ထဲဘယ်လိုခံစားချက်ရှိလဲ




Pile1:သူကိုယ်တိုင်သေချာမထိန်းသိမ်းခဲ့လို့အခုလိုဖြစ်ခဲ့ရတာလို့တွေးနေတယ် အရင်လိုသာဆိုရင်အခုချိန်က ငါတို့နှစ်ယောက်သေချာပေါက် ပျော်ပျော်ရွှင်ရွှင်ရှိနေရမယ့်အခိုက်အတန့်ပါတဲ့ သူကလဲ ကိုယ့်အပေါ်ကိုစိတ်မရှည်ခဲ့ဘူး မယုံကြည်ပေးခဲ့ဘူး သူသာဒီထပ်ပိုပြီး စိတ်ရှည်ခဲ့မယ်ဆိုရင် ယုံကြည်မှု့၊နားလည်မှု့ပေးခဲ့မယ်ဆိုရင် ဒီထပ်သာယာတဲ့ ဘဝ တခုကိုရရှိကြရမှာ လို့တွေးပါတယ်
ကိုယ်နဲ့ပတ်သက်ပြီးခံစားချက်အနေနဲ့ကတော့ အပေါ်မှာပြောခဲ့သလိုခံစားရတာရှိပြီး ကိုယ့်ကို တခါတရံမှာ လွမ်းတတ်ပါတယ်
ချစ်တဲ့ ပုံစံ ထိတော့ မဟုတ်တော့ပါဘူး၊မဟုတ်ပါဘူး ရှင်
လက်ရှိသူ့အနေနဲ့ နေ့စဉ်ဘဝမှာ အဆင်မပြေမှု့တွေကြုံရမှသင့်တန်ဖိုးကိုသူပိုပိုပြီးတွေးမိလာပါတယ်တဲ့


Pile2: ဝေးသွားတာလဲတမျိုးတော့ကောင်းပါတယ်တဲ့ မင်းလဲမင်းကိုချစ်တဲ့သူတွေရဲ့အနားမှာရှင်သန်နိုင်ပြီးတော့မင်းလုပ်ချင်တာတွေကို စိတ်ထဲရှိတဲ့အတိုင်း တခုချင်း ထုဆစ်ပုံဖော်နေနိုင်တာပဲ မင်းအဆင်ပြေနေတယ်လို့သူယူဆထားပါတယ် သူကိုယ်တိုင်ကလဲလက်ရှိမှ အချစ်သစ်ကိုရှာဖွေနေတာမျိုး အချစ်အသစ် ချစ်သူအသစ် ထားဖို့အစီအစဉ်ရှိနေတာမျိုးမှာတွေ့ရပါတယ် တခါတလေ ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက် သူ့အပြစ်များ မကင်း ဖြစ်နေသလား သူ့ကြောင့်များဝေးခဲ့ကြရတာလားလို့ပြန်ပြန်တွေးတတ်ပါတယ် ဒါပေမယ့်သူက သူ့ကိုယ်သူအမြဲလိမ်လေ့ရှိပါတယ် ဖြစ်ဖို့ကံကြောင့်ဖြစ်လာတယ်လို့ပဲ ကံကိုပုံချလေ့ရှိပါတယ်


Pile3:မင်းနဲ့ဝေးရတဲ့အချိန်ကနေစပြီး သူ့မှာအဆင်မပြေမှု့တွေကြုံရတယ်စိတ်ပျက်စရာ စိတ်ညစ်စရာအခိုက်အတန့်အခြေအနေတွေနဲ့ပဲဖြတ်သန်းရတာပါ မင်းဆီကိုပြန်လာချင်စိတ်လဲရှိသလိုပြန်လာဖို့ပြန်ဆက်သွယ်ဖို့လဲအကြိမ်ကြိမ်ကြိုးစားပြီးမှ သူ့ကိုယ်သူယုံကြည်ချက်မရှိဖြစ်နေတာပါ သူထပ်ပြီးကြိုးစားအုံးမှာဖြစ်ပြီး အရင်လိုအခြေအနေပြန်းဖို့ သူကြိုးစားပါလိမ့်မယ် အကယ်၍နှစ်ယောက်ပြန်အဆင်ပြေခဲ့ပါ သူ့ဘက်က အရင်လိုမဟုတ်ပဲ အကျင့်တွေ အကုန်ပြင်ပေးပြီး သင့်စိတ်ကြိုက်အဖြစ်နဲ့နေပြီး ချစ်ပြပါလိမ့်မယ် ရှင် သူဟာအစထဲကတိုင် သင့်အပေါ်စိတ်ရင်းအမှန်ရှိခဲ့သူဖြစ်ပါတယ်