ကိုယ့်ရဲ့ လက်ရှိ စိတ်ခံစားချက် အခြေအနေ။

ကိုယ့်ရဲ့ လက်ရှိ စိတ်ခံစားချက် အခြေအနေ။



1...
ကိုယ်က အခုချိန်မှာ အရာအားလုံးနဲ့ အဆင်ပြေဖို့ ချိန်ညှိနေရတာမျိုးလေးဖြစ်နေမယ်။ အလုပ်ဆိုလည်း ကိုယ့်ရဲ့ အထက်အရာရှိတွေ၊ လက်အောက်ငယ်သားတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေဖို့ ထိန်းညှိနေရတာမျိုး၊အိမ်ကမိသားစုဝင်‌‌ေတွနဲ့ အဆင်ပြေအောင်‌ေနရတာမျိုး၊အရာအားလုံးကို handle လုပ်နိုင်ဖို့ကြိုးစားနေတတ်ပြီး စိတ်ပင်ပန်းဖြစ်နေတတ်တယ်။ အချစ်ရေးဆိုလည်း 3ပွင့်ဆိုင် ဖြစ်နေတတ်လို့ ဂရုစိုက်ပါ။ စီးပွားရေးမှာလည်း လုပ်ငန်းတွေ အဆင်ပြေဖို့ time management တွေ လုပ်ရလိမ့်မည်။ ငွေကြေးလေးက လက်ထဲ ပါးနေတတ်တယ်။ ပါးတယ်ဆိုတာ လက်ထဲ ငွေသားမရှိတာမျိုးပါ ဉပမာ bank, cards, pay appတွေထဲငွေရှိပါတယ်။(အဲ့လိုမျိုးကိုပြောတာပါ)ကောင်းမွန်တဲ့ သတင်းတွေ ရောက်ရှိလာပါလိမ့်မယ်နော်။

2..
ကိုယ်က ခုချိန်မှာ ရွေးချယ်ရခက်တာမျိုး။ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲနေတယ်။ ဘာကိုရွေးလို့ ရွေးရမှန်းမသိ ရှေ့တိုးရခက် ၊နောက်ဆုတ်ရခက် အခြေအနေကြောင့် စိတ်ပင်ပန်းနေရတတ်တယ်။ အချစ်ရေးမှာလည်း အဲ့လိုဖြစ်နေတတ်လို့ စိတ်ပင်ပန်းဆုံးဖြစ်နေတတ်တယ်။ ငွေကြေးပိုင်းမှာ အသုံးအစွဲများနေရတတ်တယ်။ဘယ်အရာနဲ့ ပတ်သတ်ပြီး ဖြစ်ဖြစ် စိတ်တွေ ရှုပ်ထွေးနေရတတ်တယ်။ ကိုယ့်ကို တကယ်ချစ်ပေးတဲ့သူကို ဆုံးရှုံးရတတ်တယ် ဂရုစိုက်ရွေးချယ်ပါ။အဓိကကတော့ ကိုယ်ရွေးချယ်မှုက ကိုယ့်ပျော်ရွှင်မှုနဲ့ ပဲသက်ဆိုင်ပါတယ်။


3..
ကိုယ်က လက်ရှိမှာ နည်းနည်း အထီးကျန်ဆန်နေရတာမျိုးလေးဖြစ်နေမယ်။ အလုပ်မှာလည်း ကိုတစ်ယောက်ပဲ ဦးဆောင်လုပ်နေရတတ်တယ်။ လူမှုရေးမှာ ကိုယ်တစ်ယောက်ထဲနေချင်တာမျိုး ကိုယ်တစ်ယောက်ထဲဖြစ်နေတာမျိုး ဖြစ်တတ်တယ်။ အချစ်ရေးမှာ အထီးကျန်ဆန်နေတတ်တယ်။ positive energy လေးဖြစ်အောင်နေပါ မကြာခင် အဆင်ပြေလာလိမ့်မယ်နော်။