လတ်တလောဘယ်လို အခက်အခဲတွေ ရင်ဆိုင်ရမလဲ....

လတ်တလောဘယ်လို အခက်အခဲတွေ ရင်ဆိုင်ရမလဲ....



Pile 1
ဒီ Pile ပိုင်ရှင်တွေကတော့ Pressure တွေကြားရုန်းထွက်ချင်နေတဲ့သူတွေဖြစ်ပါတယ် ။
အိမ်တွင်းရေးပြဿနာတွေကြားကိုယ်တိုင်ကလည်းဘာမှ ဝင်ကူလို့မတတ်နိုင်တဲ့အခြေအနေမျိုးတွေနဲ့ရင်ဆိုင်ရတတ်ပြီးတစ်ယောက်ထဲ တစ်နေရာရာကိုထွက်ပြေးသွားချင်စိတ်တွေဖြစ်ပေါ်လာတတ်ပါတယ် ။
တစ်ယောက်ထဲနေချင်တဲ့ စိတ်အားကထက်သန်နေပြီး အခုကာလအပိုင်းအခြားအတွင်းမှာလည်း အိမ်နဲ့ဝေးရာ အရပ်ဒေသတွေကို ခရီထွက်ရမဲ့ အခြေအနေမျိုးတွေဖြစ်ပေးတတ်ပါတယ် ။
ခရီးလမ်းမှာလည်းအခက်အခဲအနှောက်အယှက်အနည်းငယ်ရှိနိုင်ပြီး ထိုခရီးကပြန်ရောက်ရင်တော့ ကောင်းသောအရာများ ကောင်းသောနေ့ရက်များ ပိုင်ဆိုင်ပါ့လိမ့်မယ်


Pile 2
ဒီPileပိုင်ရှင်တွေကတော့ငွေရေးကြေးရေးအခက်အခဲတွေနဲ့ရင်ဆိုင်ရမဲ့ ဇာတာရှင်လေးတွေဖြစ်ပါတယ် ။
ငွေဟာအရာရာကိုအဆင်ပြေအောင်ဖန်တီးနိုင်စွမ်းရှိသလိုငွေမရှိရင်လည်းအဘက်ဘက်က မပြေလည်စရာတွေပေါ်ပေါက်လာတတ်ပါတယ်။အခြားလူမှုရေး၊ပညာရေး၊အချစ်ရေးတွေမှာအခက်အခဲဆိုးဆိုးဝါးဝါးမရှိပေမဲ့ထိုအရာတွေဟာလည်းငွေကြေးအဆင်ပြေမှချောင်လည်နိုင်တဲ့ကိစ္စတွေဖြစ်တာကြောင့်ဒီကာလအပိုင်းအခြားတွေဟာ ငွေရေးကြေးရေးကြောင့် သောက များရတက်တယ် ဗျာများရတက်တယ်...


Pile 3
ဒီPileပိုင်ရှင်တွေကတော့စိတ်တွေဗျာများနေပြီးဝေခွဲရခက်တဲ့အခြေအနေမျိုးကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။အချစ်ရေးနဲ့ပတ်သတ်ပြီးအခက်အခဲတွေဖြစ်ပေါ်တတ်ကာကိုယ့်ရဲ့ချစ်သူကအခြားတစ်ယောက်အပေါ်စိတ်ယိုင်နေတာမျိုးတွေကြောင့် စိတ်ညစ်စရာပြဿနာအခက်အခဲတွေတွေ့ရနိုင်ပါတယ်ရီးစားမရှိတဲ့သူတွေအနေနဲ့လည်း ကိုယ့် Crush ဖြစ်စေ ကိုယ့်အပေါ်စိတ်ဝင်စားနေတဲ့သူကဖြစ်စေ မထင်မှတ်ထားတဲ့လုပ်ရပ်တွေကြောင့်စိတ်အ​နှောက်အယှက်ဖြစ်ရတတ်ပါတယ်အိမ်ထောင်ရှင်များအနေနဲ့လည်းခဏခဏစကားများရန်ဖြစ်ရတတ်ကာမိသားစုပြဿနာတွေပါပိုမိုရှုပ်ထွေးလာနိုင်ကာအချစ်ကြောင့်အခက်အခဲတွေနဲရင်ဆိုင်ရမယ့်ကာလအပိုင်းအခြားကိုဖြတ်သန်းရတက်ပါ့တယ်