သူ့ဘဝထဲ မင်းမရှိတော့ သူပျော်နေရဲ့လား

သူ့ဘဝထဲ မင်းမရှိတော့ သူပျော်နေရဲ့လား




Pile.1
သူ့ဘဝထဲမင်းမရှိတော့ထဲက ပျော်ရွှင်ခြင်းဆိုတာ သူ့အတွက် မရှိတော့ သလိုပါပဲ အရင်ကထက်အနေပိုတည်သွားသလို ဘယ်သူ့ကို အလွယ်တကူမယုံကြည်တတ်တော့ပဲ သွေးအေးလွန်းတဲ့သူတယောက်အဖြစ်ပြောင်းလဲ သွားခဲ့ပါပီ စိတ်ထဲနာကျင်ခြင်းတွေကို ထွေးပွေ့ရင်း နေ့ရက်တိုင်းမှာ အလုပ်ကိုပဲ ဖိဖိစီးစီးလုပ်ကိုင်နေတာမျိုးပါ မင်းနဲ့ပတ်သက်တဲ့ တခြားအတွေးတွေဝင်မလာအောင်မတွေးဖြစ်အောင် နေထိုင်နေပါတယ် မင်းနဲ့ပတ်သက်ပီး ဘာလုပ်နေလဲ ဘာတွေဖြစ်နေလဲ ဆိုတာ မသိချင်လောက်အောင် ဖြစ်နေပါတယ် လွမ်းစရာရှိရင်
နာစရာနဲ့ ဖြေမယ် ဆိုပီး မေ့ဖို့ကြိုးစားနေပါတယ် သို့သော် ပျော်အောင်လဲ မနေတော့ပဲ ထပ်ပီးတွယ်လာမယ့် သံယောဇဥ်တွေကိုရှောင်ရင်း
တကိုယ်တည်းအထီးကျန်စွာဖြတ်သန်းနေပါတယ်


Pile.2
သူ့ဘဝထဲကမင်းထွက်သွားပီဆိုတာ သိလိုက်ရချိန်ထဲက နေလို့အဆင်မပြေဖြစ်တာတွေ လောကကြီးကို အရွဲ့တိုက်ချင်စိတ်တွေနဲ့ နေ့ရက်တွေကို စိတ်ညစ်ညူးစွာဖြတ်သန်းဖြစ်နေပါတယ် မင်းနဲ့သူက တယောက်နဲ့တယောက် ချစ်ကြပေမယ့် မတူညီတဲ့ အသိုင်းအဝိုင်း တွေကြား ရှေ့ဆက်ဖို့လဲ မဖြစ်နိုင်တော့တာ သူသိပါတယ် သူနဲ့ပတ်သက်တဲ့
မကောင်းသတင်းတွေကို မင်းဆီရောက်အောင်ပို့တဲ့သူတွေရှိခဲ့သလို မင်းနဲ့ပတ်သက်တဲ့ မကောင်းသတင်းတွေကို သူ့ဆီရောက်အောင်ပို့သူတွေရှိခဲ့ပီး မင်းတို့ကြား အဆင်မပြေစေချင်တဲ့ ဝေးသွားစေချင်တဲ့ ပတ်ဝန်းကျင်တခုရှိခဲ့ပါတယ် မင်းတို့နှစ်ယောက်ကိုယ်တိုင်ကလဲ အခက်အခဲတွေကို ဖြတ်ကျော်ဖို့သတ္တိနည်းခဲ့ကြပါလိမ့်မယ် အခုအချိန်မှာမင်းလဲမပျော်သလိုသူလဲ မပျော်ဘဲ နေ့ရက်တွေကို စက်ရုပ်တရုပ်လိုဖြတ်သန်းနေပါတယ်


Pile.3
သူ့ဘဝထဲ မင်းမရှိတော့ဘူး ထွက်သွားပီဆိုတဲ့ အချိန်ကာလမှာ ဆောက်တည်ရာမရ ဖြစ်ခဲ့ပေမယ့် ခုချိန်မှာတော့ အတန်သင့်တည်ငြိမ်နေပီး ပျော်စရာတွေ့လဲ ပျော်လိုက် စိတ်ညစ်စရာတွေ့လဲ စိတ်ညစ်လိုက်နဲ့ သာမာန်လူတယောက်လို ဖြတ်သန်းနေပါတယ် အဲ့လို ဖြတ်သန်းနေလို့ သူပျော်နေပီလား မင်းကို မေ့နိုင်သွားတာလားလို့ မင်းထင်ရင်တော့မှားတယ်လို့ပဲ ပြောရမှာပါ ဘာလို့လဲလို့ မင်းမေးခွန်းထုတ်မယ်ဆို ​ပြောပြချင်တာလေးက သူမင်းကို မေ့သွားတာမဟုတ်ဘူး မင်းပြန်လာမယ်လို့ မျှော်လင့်ရင်း နေ့ရက်တိုင်းကို မျှော်လင့်ချက်အပြည့်နဲ့ရှေ့ဆက်နေတာပါ ရယ်စရာတွေ့ရင် ရယ်တယ် ပျော်စရာရှိပျော်တယ် သို့သော် မင်းနဲ့တူတူ ရယ်ခွင့်ပျော်ခွင့် တွေ နေ့ရက်တချို့မှာရှိလာနိုင်ပါသေးတယ်လေဆိုတဲ့စိတ်နဲ့ သူမင်းရဲ့အဝေးမှာ မျှော်လင့်ရင်းရှင်သန်နေပါတယ်