နောက် ၃လ အတွင်းမှာ ဖြစ်လာနိုင်မယ့် အရာ ၅ ခု

နောက် ၃လ အတွင်းမှာ ဖြစ်လာနိုင်မယ့် အရာ ၅ ခု



p1......
၁။ စိတ်ရော လူရော ပင်ပန်းစွာ ဖြေရှင်းရမယ့် ကိစ္စတချို့ ရှိလာတတ်တယ်။ အဲ့ဒီဖြစ်ရပ်တွေက ကိုယ့်ရဲ့ စိတ်မရှည်မှုတွေ Balance ဖြစ်အောင် မတွေးခေါ်တတ်တာတွေ wrong choice နဲ့ wrong decision တွေကို လုပ်မိတာကြောင့်လို့ ပြတယ်။ ကိုယ့်ရဲ့ imagination တွေကို ဂရုစိုက်ပါ။ စိတ်ကူးကနေ လက်တွေ့ကိုသွားတာက အကောင်းဆုံးပါ။ စိတ်ပဲကူးနေပြီး လက်တွေ့ မလုပ်လို့လည်း မကောင်းပါ။ ဘာမှစိတ်မကူးဘဲ လက်တွေ့ ထ လုပ်လို့လည်း မကောင်းပါဘူး။

၂။ လူမှုဆက်ဆံရေးမှ စိတ်ရှုပ်ထွေးရတာတွေရှိလာမယ်။
ဖြစ်နိုင်ရင်တော့ အပေါင်းအသင်းတွေနဲ့ ပိုက်ဆံ အချေးအငှါး ကင်းအောင်နေပါ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အမုန်းခံရတတ်တယ်။ နောက်တစ်ခုကတော့ ကိုယ့်အဖွဲ့ထဲမှာ ကိုယ်နဲ့ Brain level မတူတဲ့လူ စွန့်ထွက်နေတဲ့ အယူအဆမျိုးရှိတဲ့လူတွေကြောင့် Annoying ဖြစ်ရတတ်ပါတယ်။ ကိုယ့်ကို ပင်ပန်းစေတဲ့အရာတွေကို ရှောင်ရှားတတ်မှပဲ အဆင်ပြေပါလိမ့်မယ်။

၃။ အချစ်ရေးဟာ သိသိသာသာနဲ့ အကောင်းဘက်ကို ပြောင်းလဲလာပါလိမ့်မယ်။ ချစ်သူ မရှိသေးတဲ့လူတွေက ကိုယ့်ရဲ့ other half လိုလူမျိုးနဲ့ တွေ့ရတတ်ပြီး ချစ်သူရှိပြီးသားသူတွေကတော့ နွေးထွေးမှုတွေ နားလည်မှုတွေကို ပိုတည်ဆောက်တတ်လာကြလိမ့်မယ်။ love နဲ့ life ကို အချိန်အဆ မျှတစွာ အသုံးပြုတတ်လာပြီး ကိုယ့်ရဲ့ နေ့စဉ်ဘဝတွေဟာ တိုးတက်ကောင်းမွန်လာလိမ့်မယ်။

၄။ အောင်မြင်မှု တစ်ခုခုရတတ်တယ်။ စာမေးပွဲ၊ ဝင်ခွင့် သို့မဟုတ် ကိုယ်မျှော်လင့်တောင့်တနေတဲ့ အရာတွေ ရရှိတတ်တယ်။New opportunities တွေဖြစ်မလား၊ chapter အသစ်တွေဖြစ်မလား ကတော့ ကိုယ့်အပေါ်မူတည်ပြီး ပြောင်းလဲမယ်။ ခရီးတစ်ခုခု ထွက်ပြီးတဲ့အခါ ကံတရားက ကိုယ့်ကို ပိုပြီး မျက်နှာသာပေးလာလိမ့်မယ်။

၅။ နေမကောင်းဖြစ်တတ်တယ်။ မဟုတ်ရင်တောင် အသေးစား ထိခိုက်မှုလေးတွေလည်း ကြုံတတ်တယ်။
ခြေထောက်နာ လက်နာ၊ခေါင်းကိုက် ခေါင်းမူး၊ ခါးနာမျက်မှန်ပါဝါတိုး အဲ့လိုလေးတွေလည်း ဖြစ်တတ်တယ်။ သမာရိုးကျ ဖြစ်စဉ်တွေပဲမို့ အရမ်းတော့ မကြောက်ပါနဲ့။


p2.....
၁။ ငွေကြေး အဖတ်မတင်ခြင်းဖြစ်တတ်တယ်။
Investment လုပ်မယ့်လူ၊ စီးပွါးရေး အသစ်ပြောင်းမယ့်ခူတွေ သတိထားပါ။ မလောပါနဲ့၊မလွယ်ပါနဲ့။ သာမန်လူတွေလည်း ဒီeffect ကို ခံစားရတတ်ပါတယ်။ ဥပမာ online shop မှာပြီးမှ ကိုယ်နဲ့ အဆင်မပြေတာ၊ ကိုယ်အသုံးပြုလို့မရတာမျိုးပေါ့။ စားသောက်ဆိုင်မှာ စျေးကြီးတာတွေ မှာစားမိပြီး အရသာမတွေ့တာမျိုးလည်း အကျုံးဝင်တယ်။ အိမ်၊ခြံ၊မြေ၊ကား တွေမှာလည်း ရောင်းမှား ဝယ်မှားဖြစ်တတ်တယ်။ ( ကိုယ့်အနေအထားနဲ့ဆက်စပ်ပြီးချိန်ဆပါ )

၂။ ကြိုးစားမှု တစ်ခုခုအရာထင်တတ်တယ်။ လိုချင်တဲ့ ပစ္စည်း အဝင်ရှိတာမျိုး သို့မဟုတ် အိပ်မက်တစ်ခု အကောင်အထည် ပေါ်လာတာမျိုး ဖြစ်မှာပါ။ hard working = accomplishment ပါပဲ။ ဒီလတွေမှာ မဝေ့ပါနဲ့တော့။ 2024 က နှစ်ဝက်တောင်ရောက်တော့မှာပါ။

၃။ မိဘတွေရဲ့ ပြဿနာ သို့မဟုတ် အိမ်တွင်းရေး အပူတစ်ခုခု ကိုယ့်စီ ရောက်လာတတ်ပါတယ်။ တစ်ခါတစ်လေ အိမ်နဲ့ ကိုယ်နဲ့ ပြဿနာ ဒဲ့ဖြစ်လာတာမျိုးတွေလည်း ရှိနိုင်ပါတယ်။
ဘယ်သူမှ အကျိုးမရှိမယ့် ကိစ္စမို့ စဉ်းစားဆင်ခြင်ပါလို့ပဲ သတိပေးချင်တယ်။ ကိစ္စအသေးလေးတွေကို ခေါင်းထဲကထုတ်ပစ်တတ်ဖို့ အမြဲအမှတ်ရပါ။ မဟုတ်ရင် ကိုယ်ပဲ အထိနာစရာများတတ်တယ်။

၄။ ကိုယ်လုပ်ချင်နေတဲ့ activity တစ်ခုခုလုပ်ရတတ်တယ်။
Challenge တစ်ခုဖြစ်မလား၊ Test တစ်ခုခု ဖြစ်မလား ကတော့ ကိုယ့်အပေါ်မူတည်မယ်။ နေရာဒေသ အသစ် တစ်ခု သို့မဟုတ် ရောက်ဖူးပြီး ထပ်သွားချင်နေသေးတဲ့ နေရာတစ်ခုခုကို ပြန်သွားရတတ်တယ်။ တချို့ကတော့ ချစ်သူဟောင်းနဲ့ ပြန်လည်ပက်သက်ရတတ်ပါတယ်။

၅။ self-confidence တွေသိသိသာသာတိုးလာပါလိမ့်မယ်။
Insecure ဖြစ်ခြင်းတွေလျော့လာတဲ့အလျောက် ကိုယ့်နဲ့ အောင်မြင်မှုက အမြဲတပူးတွဲတွဲ ဖြစ်သွားမှာပါ။ ကိုယ့်ရဲ့ figure က ကိုယ့်ရဲ့ မာန် နဲ့ ချိတ်ဆက်နေပါတယ်။ ငါလုပ်နိုင်တယ် လို့ ယုံကြည်ထားခြင်းက Universe က ပေးထားတဲ့ လက်နက်တစ်ခုပါပဲ။ အဲ့ဒါလေးသာရှိရင် ဘယ်သူ့စီက motivation ကိုမှ လိုမှာ မဟုတ်ပါဘူး။