ကိုယ်ရဲ့ပေးဆပ်မှုတွေပြန်ရနိုင်မလား




Pile1

ကလေးရေ မင်းက တစ်ဖက်သားအပေါ်တော်တော် ပေးဆပ်ထားတာလေးတွေ့ရတယ်။လူတစ်ယောက်ကို မင်းရင်ထဲရောက်ပြီဆို မင်းကိုယ်မင်းတောင်ပျောက်ဆုံးသွားလောက်အောင်ချစ်တတ်တယ် ပေးဆပ်တတ်တယ်။ကလေးရေ လောကကြီးမှာမင်းပေးဆပ်မှုနဲ့မတန်သူတွေရှိနေပါတယ် ခုလက်ရှိမှာလဲမင်းနာကျင်နေတဲ့ပုံလေးတွေမြင်တွေ့နေရပါတယ်။

မပူနဲ့‌ပါနော် မင်းအတွက်universeကတန်ပြန်မှုတွေ ချီးမြှင့်ဦးမှာပါ လောကကြီးမှာ မင်းအချစ် မင်းပေးဆပ်မှုတွေအတိုင်းပြန်ပေးနိုင်တဲ့သူမျိုး မင်းတွေ့လာဦးမှာပါ သို့သော်မင်းလက်ခံဖို့တော့လိုပါတယ်ကလေးရေ


Pile2


ကလေးရေ မင်းပေးဆပ်မှုတွေက လွဲချော်နေတယ်ကွယ် တစ်ဖက်ကလဲမမြင်ပါဘူး မင်းပေးဆပ်လိုက်တဲ့သူအတွက်အရာမရောက်သလိုဖြစ်နေပါတယ်။မင်းကိုယ့်ကိုကိုယ်တောင် အထိခိုက်အနစ်နာခံပြီး ရူးမိုက်နေပေမဲ့ တစ်ဖက်ကမမြင်တာကိုမင်းလမ်းဆက်မလျောက်ပါနဲ့တော့နော် မင်းအရမ်းလဲပင်ပန်းနေတာတွေ့ရတယ်။မင်းမှာ မင်းတွက်မင်း ပြန်လိုချင်ပြန်တောင့်တနေပေမဲ့ တစ်ဖက်ကနည်းနည်းတောင်ပြန်မငဲ့တာမျိုးတွေ‌တွက် မင်းပေးဆပ်မှုတွေရပ်လိုက်ပါနော်

မင်းအတွက် universe ကတော့ မင်းအတွက်မင်းပြန်ကြည့်တဲ့အခါ မင်းလိုအပ်တဲ့ခွန်အားတွေကိုဖေးမပေးပါမယ်တဲ့ကွယ်


Pile3

ကလေးရေ မင်းလေးက ဉာဏ်အမျှော်အမြင်သိပ်ကြီးပါတယ်။ကိုယ့်အတွက်လဲမလစ်ဟင်းသလို သူတစ်ပါူအတွက်ပေးဆပ်မှုတွေကလဲ မလစ်ဟင်းပါဘူး။မင်းက ပေးဆပ်မှုတွေနဲ့အတူ စေတနာရောင်ပြန်ဟပ်သလို အကျိုးကိုခံစားရမယ့်သူပါ။ ဒါမဲ့ တစ်ခါတစ်ရံတော့ မင်းပေးဆပ်မှုလက်လွန်သွားတတ်ပါတယ်။တစ်ဖက်အတွက် ‌ပေါများသွားတတ်တော့ ဂရုတော့စိုက်ပေါ့နော်။မင်းအတွက် ထူးခြားမှုက မင်းရဲ့ဘဝကအဆက်အနွယ်တွေနဲ့ မင်းတွေ့ဖို့နီးလာပါပြီ‌။အစစအရာရာ ကုသိုလ်ဘက်ကိုပါအောင်လုပ်ပါနော်။

မင်းအတွက် universe က ပြောစရာမလိုတော့လောက်အောင် မင်းတွက် လက်ဆောင်တွေပေးပါမို့။positive thinking positive energy ‌ရှိတဲ့ သူတွေနဲ့ များများနေပြီ energyကူးစက်အောင်လုပ်ပါတဲ့ကွယ်

Comments