ငွေ၀င် ကုသိုလ်ဖြစ် အစွမ်းထက် ယတြာ



ငွေနည်းနည်းပဲဝင်ဝင် များများပဲဝင်ဝင် ဆရာရယ် ကျေးဇူးတင်လိုက်တာ ဆိုတာမျိုး ဆရာလိုချင်မိတာ တော့အမှန်ပဲ ဒါက ဆရာ့အတွက် အားဆေးတွေပဲ။
ဒီ ၁၂ လပိုင်းမှာ ဆရာနေ့စဉ်တင်ပေးနေတဲ့ ကုသိုလ် ဖြစ်
ယတြာလေးတွေတော့ လိုက်လုပ်ဖို့လိုမယ်နော်။
ကြက်ဥ ကာကျက် နဲ့ကော်ဖီကိုတွဲပြီး ဆွမ်းကပ် လှူပေးပါ။
အရေးကြီးတာက ကြက်ဥ က ကာကျက် ဖြစ်ရပါမယ်။
( ကော်ဖီ က Sunday ဖြစ်လည်းရပါတယ် )
ကြက်ဥ ကာကျက် နဲ့ ကော်ဖီ ကိုတွဲပြီး
မနက် ၄နာရီ မှ ၁၀နာရီ အတွင်းကပ်လှူရပါမယ်။
အမွှေးတိုင် ၃ တိုင် ပူဇော်ပေးပါ။
ဖယောင်းတိုင်အကြီးပေါ်အသေးဆင့်၍ ဘုရားမီးပူဇော်ပါ။
၈ ရက်နေ့မှာ ဒိ၀ါတပတိ ၇ ခေါက် ရွတ်ဖတ်မယ်။
၉ ရက်နေ့မှာ ဒိ၀ါတပတိ ၁၃ ခေါက် ရွတ်ဖတ်မယ်။
၁၀ ရက်နေ့မှာ ဒိ၀ါတပတိ အခေါက် ၂၀ ရွတ်ဖတ်မယ်။
၁၁ ရက်နေ့မှာ ဒိ၀ါတပတိ ၇ ခေါက် ရွတ်ဖတ်မယ်။
၁၂ ရက်နေ့မှာ ဒိ၀ါတပတိ ၁၁ ခေါက် ရွတ်ဖတ်မယ်။
၁၃ ရက်နေ့မှာ ဒိ၀ါတပတိ ၁၈ ခေါက် ရွတ်ဖတ်မယ်။
၁၄ ရက်နေ့မှာ ဒိ၀ါတပတိ ၁၄ ခေါက် ရွတ်ဖတ်မယ်။
ယခု ပြုလုပ်ပြီး​သောကုသုိလ်သည် တပည့်​တော် ၏ လိုအင်များကိုလည်း အ​ထောက်အပံ့​ပေးနိုင်​သော ကုသုိလ်
ဖြစ်ရပါလို၏ သာသနာအတွက်လည်း အလှူများစွာ ​ပေးနိုင်ရပါလို၏

Comments