မင်းလိုချင်နေတဲ့ဘဝဘယ်လိုမျိုးလဲ




Pile - 1
မင်းက‌တော့တစ်ယောက်တည်း တည်တည်ငြိမ်ငြိမ်နဲ့ နေရာအသစ်တစ်ခုမှာ အပူအပင်မရှိပဲရှင်သန်နေထိုင်အခြေချချင်တာပါ။နောက်ပြီး မင်းက ဘဝမှာ အလုပ်နဲ့ပက်သက်ပြီး နေရာတစ်ခုရောက်ချင်နေတယ် ရောက်လဲရောက်နိုင်မှာပါ။မင်းကအကြိမ်ကြိမ်ကျရူံးဖူးခဲ့တဲ့ လူသားတစ်ယောက်မို့ မင်းရဲ့ပတ်ဝန်းကျင်က တခြားကျရူံးတဲ့လူတွေကိုလည်း အားပေးချင်တယ်၊ကူညီလမ်းပြပေးချင်တဲ့စိတ်ရှိပါတယ်။မင်းက စိတ်ကုန်စရာပတ်ဝန်းကျင်ကြီးကနေ ကိုယ့်အစွမ်းအစနဲ့ကိုယ် ထွက်သွားနိုင်တဲ့ဘဝမျိုးကို တောင့်တနေပါတယ်။ကြိုးစားနေပါ။တစ်နေ့တော့ မင်းလိုချင်တဲ့ ဘဝမျိုးရနိုင်မှာပါ…


Pile - 2

မင်း လိုချင်တဲ့ဘဝကတော့ ချစ်တဲ့လူတွေနဲ့အတူမ‌ကြောင်းမကျ အေးဆေးတည်ငြိမ်စွာနေချင်တာပါ။မင်းဟာ ချစ်တဲ့လူတွေအပေါ် ကူညီပေးနိုင်တဲ့လူတစ်ယောက် ဖြစ်ချင်တယ်။အကူအညီလိုအပ်နေတဲ့လူတွေကိုလည်း ကူညီပေးချင်တယ်။အလျှူအတန်းတွေ၊ကုသိုလ်တွေလည်းအများကြီးလုပ်ချင်တာကို တွေ့ရပါတယ်။ကိုယ့်ရဲ့ရည်မှန်းချက်ပြီးရင် တခြားလူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးချင်တာ မင်းရဲ့စစ်မှန်တဲ့ဆန္ဒတစ်ခုပါ။အဲ့လိုဖြည့်ဆည်းပေးနိုင်တဲ့ဘဝကိုလည်း မင်းလိုချင်နေပါတယ် အဲ့လိုဘဝမျိုးရဖို့ဆို ကြိုးစားဖို့လိုပါတယ်နော်။မင်းက ပါရမီအခံရှိပြီးသားမို့ ကိုယ့်ဘက်က ကြိုးစားနေဖို့ပဲလိုပါတယ် ဖြစ်လာပါလိမ့်မယ်


Pile - 3

မင်းကတော့ ပျော်ရွင်စရာကောင်းတဲ့ မိသားစုဘဝလေးကို လိုချင်တဲ့လူပါ။အရင်က မပျော်ခဲ့ရတဲ့သူမို့ အခုလက်ရှိမှာလဲဘာကိုမှမလိုချင်ပဲ စိတ်ပျော်ရွင်မှုရှိတဲ့ဘဝမျိုးကိုသာ လိုချင်တောင့်တနေတဲ့လူပါ။အဓိကကတော့ စိတ်ချမ်းချမ်းသာသာနဲ့ အပူပင်မရှိပဲ အနားယူချင်တာပါ။ညဘက်အတွေးမလွန်ပဲ ကောင်းကောင်းအိပ်စက်ချင်တာကို တွေ့ရပါတယ်။နောက်ပြီး မင်းကကိုယ့်မိသားစုနဲ့ကိုယ့်အနားကလူတွေကိုလည်း ပျော်ရွင်စေချင်တယ်။ပျော်ရွင်အောင်ထားနိုင်ဖို့လည်း ကြိုးစားနေတာကို တွေ့ရပါတယ်။အားမငယ်ပါနဲ့နော်။မင်းရဲ့အချိန်မရောက်သေးလို့ပါ အားတင်းထားပါအုံး…တစ်ချိန်မှာတော့ မင်းကအာလုံးကို ပျော်ရွင်အောင်ထားနိုင်မယ့်သူဖြစ်လာမှာပါ

Comments