“အချစ်ခံကြည့်”သီချင်း သရုပ်ဆောင်ဗညားဘုန်းပြည့်အပါအဝင် နှစ်ယောက်ဖမ်းခံရပြီး တေးရေး မင်းစည်သူ တိမ်းရှောင်နေရ

“အချစ်ခံကြည့်”သီချင်း သရုပ်ဆောင်ဗညားဘုန်းပြည့်အပါအဝင် နှစ်ယောက်ဖမ်းခံရပြီး တေးရေး မင်းစည်သူ တိမ်းရှောင်နေရ


မေ ၁၅ - ၂၀၂၄
GG(VOM)

ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ လူသိများပြီးအောင်မြင်လာတဲ့ ရုပ်ရှင်သရုပ်ဆောင် ဗညားဘုန်းပြည့်ကို "အချစ်ခံကြည့် " MTV မှာ  လိင်အသားပေးသရုပ်ထားတယ်ဆိုပြီး ပုဇွန်တောင်ရဲစခန်းက  ဖမ်းဆီး  အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

အလားတူ အဲဒီသီချင်းမှာ ဇာညွှန်းရေးသားခဲ့တဲ့  ရွှေဆုကိုပါ ဖမ်းဆီးအရေးယူထားတယ်လို့သိရပါတယ်။ အချစ်ခံကြည့် သီချင်းမှာ တေးဆို-သရုပ်ဆောင်-ရိုက်ကူးထုတ်လုပ်သူက ဖူးပွင့်သခင်ဖြစ်ပြီး အတူပါဝင်သရုပ်ဆောင်ခဲ့သူက ဗညားဘုန်းပြည့်၊ဇာတ်ညွှန်းရေးသူက ရွှေဆု ၊တေးရေးမှာ မင်းစည်သူတို့ ဖြစ်ပါတယ်။

အချစ်ခံကြည့် " သီချင်းကို သရုပ်ဆောင်ဖူးပွင့်သခင်ကသီဆိုပြီး၊ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့တဲ့အပြင် ရိုက်ကူး ထုတ်လုပ်ခဲ့တာဖြစ်ပေမယ့် ဖမ်းခံရတာမျိုးမရှိသေးပါဘူး။

အဲ့ဒီအတွက် တေးရေးမင်းစည်သူက "ခေါ်တာက ဗညားဘုန်းပြည်နဲ့ဖူးပွင့်သခင်ဆိုပြီး နှစ်ယောက် အရင်ကျလာတယ် ၊ကျလာပြီးမှ ဒီအမှုဖြစ်လာတယ်၊ဖြစ်လာတော့ ဖူးပွင့်သခင်ကကိုယ်တိုင်ကရှောင်နေပြီးသူ တယောက်ထဲအတွက်ပဲဖြေရှင်းနေတယ်၊ဗညားအတွက်လည်းမဖြေရှင်းဘူး၊ကျနော်တို့အတွက်လည်းမဖြေရှင်းပေးဘူး၊ပြီးတော့ဇာတ်ညွှန်းရေးတဲ့ ရွှေဆု ဘာမှမဆိုင်ဘ အဖမ်းခံရတယ်၊ဒီအမှုတခုလုံးတာဝန်ယူပေးဖို့ဖူးပွင့်သခင်ကိုပြောချင်ပါတယ်ဘာလို့ဆိုဒီသီချင်းတခုအဓိကဖူးပွင့်သခင်ပါ၊ဘယ်လိုပဲဖြစ်ဖြစ်အခုထပ်ပါတယ်။ ဒါရိုက်တာရော၊တေးရေးရောအကုန်ထပ်ပါလာတယ်၊ဒီသီချင်းက ညမကိုယ်တိုင်ထုတ်လုပ်ထားတာ ၊နောက်ပြီး ဇာတ်ညွှန်းကို ကျနော်ရယ်ရွှေဆုရယ်ဖူးပွင့်သခင်ရယ်ခေါင်းသုံးခေါင်းနဲ့ရေးခဲ့တယ်။ရိုက်ပြီးထွက်လာတော့အကုန်လုံးရေးထားတဲ့ ဇာတ်ညွှန်းနဲ့မတူဘူး ကွဲပြားနေတယ်၊ဇာတ်ညွှန်းနဲ့MTV ကလည်းမတူဘူးဆိုတာ သက်သေတွေလည်းရှိတယ်၊ရဲစခန်းကလည်းပြောတယ်။ ဇာတ်ညွှန်းနဲ့MTV တထပ်ထဲကျမနေဘူးတချို့ အခန်းဆိုပါတောင်မလာဘူး။ ဒီသီချင်းက ဖူးပွင့်သခင် တေးရေးအပ်လို့ရေးတယ် " လို့ တေးရေးမင်းစည်သူက ဖြေရှင်းပြောဆိုထားပါတယ်။

ကနဦးမှာ ဗညားဘုန်းပြည်နဲ့ရွှေဆုအဖမ်းခံရပြီးနောက်အခု လက်ရှိမှာ ဒါရိုက်တာ၊တေးရေးတွေပါ အမှုဖြစ်စဉ်မှာ ထပ်ပါလာတာကြောင့် သီဆိုရိုက်ကူးထုတ်လုပ်သူတယောက်အနေနဲ့ အမှုကိုဖြေရှင်းပေးဖို့ တေးရေးမင်းစည်သူကပြောဆိုထားတာဖြစ်ပါတယ်။

လက်ရှိဖမ်းခံထားရတဲ့ သရုပ်ဆောင်ဗညားဘုန်းပြည့်နဲ့ရွှေဆုတို့ကိုတော့ ပုဇွန်တောင်ရဲစခန်းက အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ - ၃၃(က)ဖြင့် အမှုဖွင့်အရေးယူနေတာဖြစ်တယ်လို့သိရပါတယ်။

အချစ်ခံကြည့်သီချင်းမှာ လိင်အသားပေးရိုက်ထားပြီး ဝတ်စားဆင်ယင်မှုအပိုင်းအပါအဝင် သရုပ်ဆောင်မှုအပိုင်းကမြန်မာ့ယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူတကွ ကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိဩတ္တပ္ပတရားကင်းမဲ့ခြင်း၊ အရှက်သိက္ခာမဲ့စွာ ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့အတွက် တိုင်ကြားသူရှိလာတာကြောင့်အရေးယူခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဧပြီလတုန်းကလည်း " စောင့်ပက် " သီချင်းနဲ့ " စကားလေးတစ်ခွန်းပဲဖြေ ချစ်လား "သီချင်း၊ ဘီယာဗိုက် "သီချင်း သီဆိုသူတွေနဲ့ပါဝင်သရုပ်ဆောင်သူတွေကို ဗဟန်းမြို့မရဲစခန်းက အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ - ၃၃(က)အမှုဖွင့်ဖမ်းဆီးအရေးယူခဲ့ထားရပါတယ်။

#Voiceofmyanmar #vom #အချစ်ခံကြည့်# ဗညားဘုန်းပြည့် #ရွှေဆု #ဖူးပွင့်သခင် #မင်းစည်သူ