သင့်အတွက် "အချစ်" ဆိုသည်မှာ

သင့်အတွက် "အချစ်" ဆိုသည်မှာ




Pile1:အချစ်ဆိုတာ ငါ့မာနလောက်ကြီးကျယ်လို့လား အချစ်ဆိုတာတကယ်ရောလိုလို့လား ငါ့ကိုချစ်ရင် ငါ့မာနတွေကိုလဲသည်းခံနိုင်ရမှာပေါ့" အစရှိသဖြင့် ငါမှငါဆိုတဲ့သူဆွေအတွက်ကတော့အချစ်ဆိုတာသိပ်မပြောပလောက်ပါဘူး အချစ်မခံရသေးတာလဲဖြစ်နိုင်သလို ကိုယ်ကချစ်ပေးဖူးပေမယ့် တစ်ဖက်လူက same feelingတွေပြန်မပေးနိုင်တဲ့အချိန်တွေ အတိတ်ကဖြစ်ရပ်တွေကြောင့် အချစ်ကိုအရေးမပေးကြတော့တာဖြစ်နိုင်ပါတယ် မင်းတို့လေးတွေတွက်အချစ်ဟာငွေလောက်တောင်အရေးမကြီးပါဘူး အချစ်မရှိလဲရတယ် ငွေရှိရင်ငါပျော်တယ်ဆိုပြီး မတူညီတဲ့ပျော်ရွှင့်မှုကိုပဲစိတ်ရောက်နေတတ်ကြပါတယ် အချစ်နဲ့ပတ်သတ်ရင်ကိုယ်ကအမြဲအနိုင်လိုချင်တာတွေ အထပ်စည်းဆန်မိတာတွေကြောင့် တဖြည်းဖြည်းအချစ်ဆိုတဲ့အရာနဲ့ဝေးကွာလာတတ်ကြပါတယ်


Pile2:မင်းတို့လေးတွေကအချစ်ရေးနဲ့ပတ်သတ်ပြီးလဲအတွေ့ကြုံနည်းကြတဲ့သူတွေဖြစ်တယ် ရည်းစားထားတာတို့ dateတာတို့ ချစ်တာတို့ လွမ်းတာတို့ အစရှိတဲ့emotional ပိုင်းတွေနဲ့ပတ်သတ်ပြီးအတွေးအကြုံလိုချင်ကြတဲ့စူးစမ်းချင်တဲ့သူတွေဆိုလဲမမှားပါဘူး အချစ်ကိုသိပ်ပြီးခံစားတတ်ကြတာဲ့သူတွေတော့မဟုတ်ဘူး ဒါပေမယ့် သိချင်တယ် အကုန်လုံးသိချင်တယ် ဘယ်လိုမျိုးလဲဆိုတာကိုခံစားဖူးချင်ကြတယ် innocent လေးတွေတော့မဟုတ်ပေမယ့် မင်းတို့လေးတွေရဲ့သိချင်မှုတွေစူးစမ်းချင်မှုတွေက မင်းတို့လေးတွေကို innocent ပုံပေါက်စေနိုင်ပါတယ် အချစ်ခံရတာဘယ်လိုလဲ အသည်းကွဲတာဘယ်လိုလဲဆိုတာကအစအတွေ့အကြုံတွေပြည့်နေချင်ကြပါတယ် သူငယ်ချင်းတွေကိုလဲအချစ်အကြံပေးလုပ်တတ်တဲ့သူလေးတွေဆိုလဲမမှားပါဘူး ဆရာပြန်လုပ်ချင်လို့ကိုအကုန်သိချင်ကြတဲ့သူတွေပါ


Pile3:မင်းတို့လေးတွေကချစ်ရတဲ့သူတွေအတွက်သာဆိုရင်ဘာမဆိုဖြည့်ဆည်းပေးချင်တယ်ပေးဆပ်ချင်တယ် ချစ်ပေးတာလေးတစ်ခုထဲနဲ့တော့ချစ်ရတဲ့သူရဲ့အနားကိုမသွားရဲကြပါဘူးမင်းတို့ကိုယ်တိုင်က"ကိုယ်ကအသုံးဝင်ပါတယ် ကိုယ့်ကိုမင်းလိုသလိုအသုံးချလိုက်ပါ"ဆိုပြီးအမျိုးမျိုးပေးဆပ်ချင်ကြတဲ့သူတွေပါ အရာအားလုံးမပြည့်စုံသေးဘူးဆိုရင်တောင် ကြိုးစားပြီးချစ်ရတဲ့သူအနားမှာနေနိုင်ဖို့ အများကြီးပေးဆပ်ကြအုန်းမှာပါ ဘယ်သူဘာပြောပြောလဲနားမထောင်ပဲ ချစ်ရတဲ့သူရဲ့မျက်နှာသာကိုယ့်တွက်ကမ္ဘာကြီးဖြစ်နေတာပါချစ်ရတဲ့သူကပျော်နေရင် မင်းတို့လေးတွေကlevel upသွားသလိုပိုပြီးခက်"ခဲ"ကြိုးစားလာချင်ပါတော့တယ် မင်းတို့လေးတွေချစ်တဲ့သူတွေကတော့ ဘုရင်/ဘုရင်မလို(or)ကံကောင်းခြင်းတွေပြည့်နေတဲ့သူလိုဖြစ်မှာကြိမ်းသေပါတယ်