ကိုယ်ချစ်တဲ့သူအတွက်ဆိုရင်ကိုယ်ကဘယ်လောက်အနစ်နာခံမဲ့သူလဲ

ကိုယ်ချစ်တဲ့သူအတွက်ဆိုရင်ကိုယ်ကဘယ်လောက်အနစ်နာခံမဲ့သူလဲ



Pile 1
အခုချိန်မှာကြိုးစားရှာနေတဲ့အလုပ်ကြိုးစားရှာနေတဲ့ပိုက်ဆံ ကြိုးစားပီးတော့အောင်မြင်ချင်တဲ့ဟာတွေ အရာအားလုံးကကိုယ်ချစ်တဲ့သူတွေအတွက်ကိုဖြည့်ဆည်းပေးချင်တဲ့စိတ်ဆန္ဒရှိတဲ့သူတွေပါပဲချစ်တဲ့သူတွေအပေါ်ကိုလဲလွှမ်းမိုးတတ်ကြတယ်ကိုယ့်ထက်ကြီးတဲ့သူပဲဖြစ်ဖြစ်ငယ်တဲ့လူပဲဖြစ်ဖြစ်ကိုယ်ကအကြီးတစ်ယောက်အနေနဲ့ပံ့ပိုးပေးချင်တဲ့ဆန္ဒတွေရှိတယ်လုပ်ပေးချင်တဲ့အရာတွေအများကြီးရှိတယ် ကိုယ်ချစ်တဲ့သူတွေအပေါ်မှာစိတ်ပိုင်းဆိုင်ရာအားဖြင့်လည်း supporting ပေးတတ်ကြတယ်

ဒီလိုပဲငွေကြေးပိုင်းမှာပက်သက်လာရင်လည်းငွေကြေးပိုင်းမှာ supporting ပေးတတ်ကြတယ် တတ်နိုင်သလောက်ဖြည့်ဆည်းပေးတတ်ကြတယ် မိသားစုအတွက်လည်းကြိုးစားပီးတော့အနစ်နာခံနေရတဲ့သူတွေလဲဖြစ်လိမ့်မယ် ချစ်တဲ့လူအပေါ်မှာဆိုရင်လည်းပစ္စည်းတစ်ခုကအစကိုယ်လိုချင်တာကိုအရင်မဝယ်ပဲနဲ့ကိုယ်ချစ်တဲ့လူကိုအရင်ဝယ်ပေးတတ်ကြတဲ့လူတွေဖြစ်တယ် ကိုယ်မစားရရင်နေပါစေကိုယ်ချစ်တဲ့လူစားနေတာကိုကြည့်ပီးပျော်နေတတ်တဲ့လူမျိုး သူတို့လိုချင်တာလေးတွေ သူတို့ဖြစ်ချင်တာလေးတွေလုပ်နေတာကိုမြင်ရင်ကိုယ်ကပျော်နေရတဲ့သူမျိုးပါပဲ


Pile 2
ချစ်တဲ့လူတွေကကိုယ်ချစ်သလောက်ပြန်မချစ်ရင်တောင်မှပဲအနစ်နာခံတတ်ကြတယ် ဘယ်လောက်ထိတောင်အနစ်နာခံလဲဆိုရင်သူတို့ကဂရုမစိုက်ဖူးဥပေက္ခာပြုနေရင်တောင်မှကိုယ်ကဘာကိုမှအပြစ်မမြင်ရက်ပဲကိုယ်လုပ်ပေးချင်တဲ့ဟာတွေဖြည့်ဆည်းပေးချင်တဲ့အရာတွေအကုန်လုံးကိုလုပ်ပေးတတ်ကြတယ် ကိုယ့်ကိုပြန်ချစ်မှမဟုတ်ဖူးကိုယ်တစ်ဖက်သတ်ချစ်နေတဲ့သူအတွက်ဆိုရင်တောင်မှ အော် သူ့အတွက်ဆိုရင်ဘယ်ဟာလဲလေးသူ့အတွက်ဆိုဘာလေးနဲ့ဆိုရင်ဘယ်လိုလေးဆိုတဲ့စိတ်မျိုးနဲ့အနစ်နာခံတတ်ကြတဲ့စိန်မျိုးရှိတယ် တစ်ယောက်တည်းရုန်းကန်နေရတဲ့သူတွေပိုပီးတော့မှများတယ်ဒါပေမယ့်ကိုယ်ကိုယ်တိုင်က

တစ်ယောက်ထဲရုန်းကန်နေရပေမယ့်လို့သူများအတွက်ကိုဖြည့်တွေးပီးတော့မှအနစ်နာခံတဲ့စိတ် သနားတတ်တဲ့စိတ် ဂရုဏာထားတတ်တဲ့စိတ်ကအရမ်းကိုများပါတယ် ကိုယ်လိုတာထက်ကိုသူများကိုပိုပီးဦးစားပေးပီးအနစ်နာခံတတ်တဲ့လူလေးတွေပါ သူငယ်ချင်းတွေအပေါ်ဆိုရင်လည်းအနစ်နာခံတတ်ကြတယ်
ကိုယ့်အပေါ်ကောင်းတဲ့လူတွေရှိသလိုမကောင်းတဲ့လူတွေလဲရှိတယ် မကောင်းတဲ့လူတွေအပေါ်မှာဆိုရင်တောင်မှကိုယ်ကအပစ်မမြင်ပဲနဲ့အနစ်နာခံပီးကောင်းပေးတတ်တဲ့သူလေးတွေပါ