ဘယ်တော့ ငွေဝင်မလဲ

ဘယ်တော့ ငွေဝင်မလဲ





Pile 1
သိပ်မကြာခင် ရက်အနည်းငယ်အတွင်းမှာ ငွေဝင်ဖို့ရှိပါလိမ့်မယ်။ မမျှော်လင့်ထားတဲ့ အကြောင်းအရင်းတစ်ခုကြောင့် ရုတ်တရက်ရလာတာမျိုးဖြစ်လိမ့်မယ်။
တစ်ချို့အတွက်ကတော့ ရပြီးသွားပြီလို့မြင်မိပါတယ်။

အထက်လူကြီး သို့မဟုတ် လူကြီးသူမဆီကနေ မုန့်ဖိုးရတတ်တာမျိုးရှိလိမ့်မယ်။

ငွေပမာဏကတော့ ၄ သောင်းကနေ ၄ သိန်းဝန်းကျင်အတွင်းဖြစ်ပါလိမ့်မယ်။


Pile 2

ဒီ Pileကတော့ ၃ ရက်ကနေ ၂ ပတ်အတွင်း ငွေဝင်ဖို့ရှိပါလိမ့်မယ်။ ပျောက်သွားတယ်ထင်တဲ့ပိုက်ဆံပြန်ရတာ၊ အကြွေးပြန်ရတာ စသဖြင့် အလားတူတဲ့အကြောင်းကိစ္စကြောင့် ငွေဝင်တာမျိုးဖြစ်နိုင်ပါတယ်။ တစ်ချို့ကတော့ ထင်ထားတာထက် ငွေပိုဝင်တာမျိုးကြောင့်ပါ။

ဒါပေမဲ့ ပိုက်ဆံရတာနဲ့သုံးပြီး တန်းကုန်သွားတတ်လို့ သတိထားပါ။ ပိုက်ဆံဝင်ရင်အကုန်မသုံးပါနဲ့။ နောက်မှလိုစရာရှိနေလို့ပါ။

ငွေပမာဏကတော့ 2 သောင်းကနေစပြီး သိန်း 20 အတွင်း ရှိနိုင်ပါတယ်။


Pile 3
ငွေဝင်ဖို့ကြာပါဦးမယ်။ ပိုက်ဆံက လုံးဝ သုညအောက်ရောက်သွားပြီဆိုတဲ့အခြေအနေကြုံပြီးမှ ငွေပြန်ဝင်လာဖို့ရှိတယ်။ အကြွေးရှိနေရင် အကြွေးကိုရသလောက်အရင်ဆပ်ပါ။ ပေးစရာရှိတာတွေအရင်ပေးပါ။

ငွေ သေချာဝင်ဖို့ 2 လကနေ 5 လအတွင်းကြာနိုင်ပါတယ်။

ပမာဏအားဖြင့် သိန်းဂဏန်းကစပြီး ရာဂဏန်းရှိနိုင်ပါတယ်။ မြုပ်နေတဲ့ငွေကြေးတွေကိုလည်း အဲ့အချိန်မှာပြန်ရတတ်ပါတယ်။