ဗုဒ္ဓဟူး/ကြာသပတေး/ သောကြာ/စနေသားသမီးများအတွက်တစ်လစာကံကြမ္မာ

ဗုဒ္ဓဟူး/ကြာသပတေး/ သောကြာ/စနေသားသမီးများအတွက်တစ်လစာကံကြမ္မာ


 

ဗုဒ္ဓဟူး၊ရာဟုသားသမီးများအတွက်တစ်လစာကံကြမ္မာ


ထယ်ရိုနိမိတ် = Ace Of Cups (ကောင်း)

စီးပွားရေး = စီးပွားရေးအခွင့်အလမ်းသစ်ပေါ်ပေါက်လာတတ်ပါတယ် စီးပွားရေးမိတ်ဖက်ကောင်းဆုံတွေ့တတ်ပါတယ် စပ်တူရှယ်ယာအကျိုးပေးနေပါမယ် စီးပွားရေးကံကောင်းပါမယ်

ငွေကြေး = လာဘ်လာဘပေါများလာပါမယ် လာဘ်ပွင့်လာပါမယ် ငွေဝင်တတ်သော်ငြား ဝင်လာသောငွေများသည် အလဟဿပြန်၍ထွက်ထွက်သွားတတ်ပါတယ်

အချစ်ရေး = စန်းပွင့်နေပါမယ် ချစ်ရေးဆိုခံရတတ်ပါတယ် အချစ်ရေး၌အချစ်စစ်ထက် တဏှာကိုကိုယ်စားပြုသောအချစ်များနှင့်ကြုံတတ်ပါတယ် စန်းအပွင့်လွန်ပါကလည်းမကောင်းတတ်ပေ အခြေရှုပ်သည့်ပြဿနာမျိုးကြုံတတ်ပါတယ်

ပညာရေး = ပညာရေးကံကောင်းတတ်ပါတယ် ကြိုးစားထားသလောက်ရလဒ်ရနိုင်ပါတယ် သို့သော် ကိုယ်ထင်ထားတဲ့အတိုင်းအတာထက်နည်းနည်းလျော့၍ရတတ်ပါတယ် နိုင်ငံခြားသွားလိုသူ၊နိုင်ငံခြားဘာသာစကားများ၊ဘာသာပြန်များအထူးကောင်းမွန်အဆင်ပြေပါမယ်

လူမှုရေး = မိတ်ဆွေပေါများတတ်ပါတယ် လူချစ်လူခင်များလာတတ်ပါတယ် လူအများ၏အမြင်တွင်အဆင်ပြေသယောင်ထင်ရသော်လည်း မိမိ၏စိတ်တွင်ရှုပ်ထွေးစရာပြဿနာများနှင့်ပြည့်နှက်နေတတ်ပါတယ် သာရေးနာရေးကိစ္စသွားစရာများတတ်ပါတယ်

အိမ်ထောင်ရေးနှင့်အိမ်တွင်းရေး = အိမ်ထောင်ရေး၊အိမ်တွင်းရေးကံကောင်းတတ်ပါတယ် အိမ်တွင်းစီးပွားတိုးတက်နေပါမယ် အိမ်၌ရပ်ဝေးမှဧည့်သည်တချို့ရောက်လာတတ်ပါတယ် အိမ်သူအိမ်သားအချင်းချင်းသဘောထားမကွဲဖို့သတိပြုပါ

ကျန်းမာရေး = ရေနှင့်ပက်သက်သောဝေဒနာကိုသတိထားပါ ခေါင်းလျှော်ပြီးရေခြောက်အောင်သုတ်ပါ ယခုကရာသီဥတုလည်းပူပြင်းလာပြီဖြစ်၍ hair dryer နှင့်မှုတ်ပါကအန္တရာယ်များပါတယ် သဘက်ဖြင့်သာသုတ်ပါ။

ယတြာ = မိမိမွေးနာမ်နေ့တိုင်း ခိုစာကျွေးပေးပါ။

အကျိုးပေးဂဏန်း = ၆၊၁

အကျိုးပေးအရောင် = အဖြူရောင်၊အပြာအနုရောင်
ကြာသပတေးသားသမီးများအတွက်တစ်လစာကံကြမ္မာ

ထယ်ရိုနိမိတ် = Two Of Pentacles (သင့်)
(လဒဏ်သင့်သောနေ့နာမ်ဖြစ်သည်။)

စီးပွားရေး = စိတ်ရှုပ်စရာကြုံတတ်ပါတယ် လုပ်စရာကိုင်စရာများတတ်ပါတယ် အလုပ်ရှုပ်၍စိတ်ဖိစီးပါမယ် လုပ်စရာကိုင်စရာသည်နှစ်မျိုးဖြစ်ခြင်း၊ရွေးချယ်စရာလမ်းနှစ်ခွဖြစ်ခြင်း စသည်တို့ဖြစ်တတ်ပါတယ်

ငွေကြေး = ငွေကြေးကံသိပ်မကောင်းသေးပါ အဝင်နှင့်အထွက်မျှတနေပြီးငွေသိပ်စုမိမည်မဟုတ်ပါ ငွေလိမ်ငွေကျစ်ခံရခြင်း၊ငွေကြေးအထားမှား၍ပျောက်ခြင်း စသည်တို့ဖြစ်တတ်ပါတယ်

အချစ်ရေး = ရှုပ်ထွေးသောအချစ်ရေးမျိုးဖြစ်တတ်ပါတယ် နှစ်ပင်လိမ်ခြင်း၊ချစ်မိသူများပြား၍ရှုပ်ထွေးခြင်း၊ထိပ်တန်းplayer များ၏ချဥ်းကပ်မှုခံရခြင်းစသည်တို့ဖြစ်တတ်ပါတယ်

ပညာရေး = လုပ်စရာစာ၊ကျက်စရာမှတ်စရာစာများ၍ စိတ်ရှုပ်တတ်ပါတယ် သင်တန်းချိန်၊အတန်းချိန်များပိနေတတ်ပါတယ် နိုင်ငံရပ်ခြားပညာများ၊ပန်းဆယ်မျိုးအတတ်များအဆင်ပြေကောင်းမွန်နေပါမယ်

လူမှုရေး = လူလိမ်လူကောက်များနှင့်တွေ့တတ်ပါတယ် လူမှုရေးအရှုပ်အထွေးများဖြစ်တတ်ပါတယ် လူမှုပြဿနာထဲကြားညှပ်တတ်၍မိမိနှင့်မဆိုင်လျှင်ဝင်မပါပါနှင့်

အိမ်ထောင်ရေးနှင့်အိမ်တွင်းရေး = အိမ်ရှင်မများ အိမ်မှုကိစ္စတော်တော်ရှုပ်မည့်လ ဖြစ်ပါတယ် ချက်ရပြုတ်ရ၊သွားရလာရသည်မှာအရင်လတွေထက်ပိုများလာတတ်ပါတယ် အိမ်သူအိမ်သားများအချင်းချင်းအချိန်မပေးနိုင်ဖြစ်တတ်ပါတယ်

ကျန်းမာရေး = ခလုတ်တိုက်ခြင်း၊ခြေချော်ခြင်း၊မျက်စိထိမိခြင်း၊အာရုံကြောနှင့်ပက်သက်သောဝေဒနာ စသည်ကိုသတိပြုပါ

ယတြာ = မိမိ၏မွေးနာမ်နေ့တွင် အိမ်ဘုရား၌ မုန့်ကြိုးလိမ်ကပ်လှူပါ။

အကျိုးပေးဂဏန်း = ၂၊၈

အကျိုးပေးအရောင် = အနီရောင်၊အသားရောင်
သောကြာသားသမီးများအတွက်တစ်လစာကံကြမ္မာ

ထယ်ရိုနိမိတ် = The Chariot (အနည်းငယ်ညံ့)

စီးပွားရေး = စီးပွားရေးတွင်အတိုက်အခံများနှင့်
ယှဥ်၍အရာကိစ္စတိုင်းဆောင်ရွက်ရတတ်ပါတယ် လူအများထက်ပို၍ရုန်းကန်နေရတတ်ပါတယ် ထိုသို့အတိုက်ခံနှင့်ယှဥ်ပြီးပိုရုန်းကန်နိုင်မှသာအောင်မြင်မှုကိုရရှိနိုင်မှာပါ

ငွေကြေး = အပျော်အပါးကိစ္စဝါသနာမပါသူများငွေကံပြဿနာမရှိပါပုံမှန်အတိုင်းပြေလည်နေပါမယ် သောက်စားမူးယစ်တတ်သူ၊အပျော်အပါးဝါသနာပါသူများငွေကြေးအကုန်အကျများ၍ပြဿနာတက်တတ်ပါတယ်

အချစ်ရေး = အချစ်တစ်ပွဲစစ်ပွဲတစ်ရာဆိုသည့်အတိုင်း ပြိုင်ဆိုင်မှုများသောအချစ်ရေးမျိုးကြုံတတ်ပါတယ် နှစ်ပင်လိမ်ခြင်းဖြစ်စဥ်မျိုးကိုလည်းသတိထားပါ အချစ်ရေးမကောင်းပါ

ပညာရေး = ပညာရေးတွင် အပြင်းအထန်ကြိုးစားနိုင်မှအဆင်ပြေမှာပါ ပုံမှန်အတိုင်းကြိုးစားပါကအဆင်မပြေနိုင်ပါ ပြိုင်ဆိုင်လိုစိတ်ဖြင့်ကြိုးစားရတတ်ပါတယ် ထိုသို့ကြိုးစားမှသာအောင်မြင်နိုင်ပါတယ် စိတ်ဓာတ်ပြင်းထန်နေဖို့လိုပါတယ်

လူမှုရေး = လူမှုရေးတွင် စကားများခြင်း၊ရန်ဖြစ်ခြင်း၊အရှက်တကွဲဖြစ်ခြင်းတို့ကြုံတတ်ပါတယ် စကားအပြောအဆို၊ပြုမှုနေထိုင်ပုံကိုသတိထားဆင်ခြင်ပါ

အိမ်ထောင်ရေးနှင့်အိမ်တွင်းရေး = အိမ်သူအိမ်သားများနှင့်အဆင်မပြေတတ်ပါ ခိုက်ရန်ဒေါသများရတတ်ပါတယ် သောက်စားမူးယစ်ပြုတတ်သူများပို၍သတိထားပါ

ကျန်းမာရေး = ကြွက်သားနာကျဥ်ကိုက်ခဲခြင်း၊ထိခိုက်ရှနာဖြစ်ခြင်း၊အပူများ၍ပင်ပန်းခြင်းစသည်ကိုသတိထားပါ နေပူထဲသိပ်မထွက်ပါနှင့်

ယတြာ = သောကြာနေ့တိုင်း မွန်းလွှဲ (၁:၄၅) တွင်ခွေးနှစ်ကောင်၊သုံးကောင်ကိုအစာကျွေးပေးပါ။

အကျိုးပေးဂဏန်း = ၂၊၅

အကျိုးပေးအရောင် = ကြေးဝါရောင်၊အပြာနုရောင်
စနေသားသမီးများအတွက်တစ်လစာကံကြမ္မာ

ထယ်ရိုနိမိတ် = Two Of Cups (ကောင်း၊ညံ့)
(လဒဏ်သင့်၏။)
(လဒဏ်မသင့်ခင်ရက်အထိတော့ကောင်းမည်၊လဒဏ်သင့်သောအချိန်တွင်တော့အစစအရာရာသတိထားပါ ဆိုလိုသည်မှာ ဧပြီလဝက်ထိကံကောင်းမည်လဝက်ကျော်က ကံညံ့မည်)

စီးပွားရေး = အပေးအယူကိစ္စ၊စပ်တူရှယ်ယာကိစ္စများအဆင်ပြေပါမယ် ပွဲစားလုပ်ငန်း၊ဆေးဘက်ဆိုင်ရာလုပ်ငန်းများအကျိုးပေးနေပါမယ် စီးပွားရေးအဆက်အသွယ်ကောင်းရ၍ကံကောင်းမွန်တတ်ပါတယ်

ငွေကြေး = ငွေကြေးကံကောင်းပါမယ် ငွေ​ကြေးအချေးအငှားပြဿနာများတဖြည်းဖြည်းနှင့်ပြန်ပြေလည်လာပါမယ်
မြေကွက်ရောင်းထွက်လိုသူ၊ပစ္စည်းရောင်းထွက်လိုသူများညှိနှိုင်းအဆင်ပြေသွားနိုင်ပါတယ်

အချစ်ရေး = အချစ်ရေးကံကောင်းပါမယ် မမျှော်လင့်ဘဲချစ်သူဆုံဖက်နှင့်တွေ့ဆုံရတတ်ပါတယ် အပေးအယူဆန်သောအချစ်ရေးမျိုးကြုံတတ်ပါတယ် အချစ်သစ်နှင့်ဆုံတတ်ပါတယ်

ပညာရေး = ပညာရေးကံသိပ်မကောင်းပါ စာလုပ်ရမှာပျင်းနေတတ်ပါတယ် စာမလုပ်ချင်ဘဲလုပ်နေရတတ်ပါတယ် ထို့ကြောင့်ပညာရေးကံသိပ်ကောင်းမည်မဟုတ်ပါ ဘေးပတ်ဝန်းကျင်ဆူညံသံကြောင့်လည်းအနှောင့်ယှက်ဖြစ်တတ်ပါတယ်

လူမှုရေး = အပေးအယူ၊အချေးအငှားကိစ္စရပ်မျိုးကြုံတတ်ပါတယ် အတိတ်ကာလ၌အဆင်မပြေထားသူနှင့်အပေးအယူညီ၍ပြန်အဆင်ပြေသွားတတ်ပါတယ် သို့သော်လူမှုရေးသိပ်မကောင်းပါ

အိမ်ထောင်ရေးနှင့်အိမ်တွင်းရေး = အိမ်တွင်းရေးပြေလည်နေပါမယ် အိမ်သူအိမ်သားများနှင့်စိတ်တူကိုယ်တူဖြစ်နေဖို့တော့လိုပါမယ် သို့မှသာအဆင်ပြေနိုင်ပါတယ် တစ်ဦးနှင့်တစ်ဦးနားလည်မှုပေး၊အလျှော့ပေးကြပါ

ကျန်းမာရေး = ဆေးစစ်ကုသမှုခံယူရတတ်ပါတယ် ကိုယ်လက်မအီမသာဖြစ်ခြင်း၊ခါးကိုက်ခြင်း၊ခါးပူခြင်းစသည်ကိုသတိထားပါ

ယတြာ = မိမိမွေးနာမ်နေ့တွင် မိမိနှင့်ရွယ်တူဖြစ်ပြီးနာမကျန်းနေသူများအား ဆေးဝါးလှူဒါန်းပါ။

အကျိုးပေးဂဏန်း = ၂၊၄

အကျိုးပေးအရောင် = အမျိုးသမီးများအပြာနုရောင်အကျိုးပေးပါသည်။ အမျိုးသားများအဝါရောင်နှင့်အနက်ရောနှောထားသောပြောက်ကျားအရောင်များအကျိုးပေးပါသည်။