ရွေးချယ်လိုက်တဲ့ နံပါတ်လေးကပြောတဲ့ သင့်အတွက်ဟောစာတမ်း




No, 1 ။ စီးပွားရေးမှာ အပြောင်းအလဲ ကြီးကြီးမားမားကြုံတွေ့နိုင်သည် ။ ဘဝလမ်းကြောင်းတွေပြောင်းလဲသွားလိမ့်မည် ။ အလုပ် ၊ ဋ္ဌာန ၊ တာဝန် ပြောင်းလဲ လုပ်ကိုင်ရတတ်တယ် ။ အပြောင်းအရွှေ့လေးတွေလဲ ရှိပါတယ် ။ အခက်ခဲတွေလဲရောက်လာတတ်တယ် ။ အခွင့်ရေးကောင်းတွေရရှိတတ်တယ် ။ အရေးကြီးတာက ရလာတဲ့အခွင့်ရေးတွေကို အလွဲသုံးစားမလုပ်မိပါစေနဲ့...။
မေတ္တာရေးမှာတော့ ကြားလူ ကြားစကား အနှောက်ယှက်တွေဝင်လာတတ်ပါတယ် ။ အချစ်ဟောင်းနဲ့တစ်ခန်းရပ်ပြီး အချစ်သစ်တွေ့နိုင်ပါတယ် ။ စကားများစရာကိစ္စလေးတွေလဲ ပေါ်လာတတ်ပါတယ် ။

ပညာရေးမှာတော့ စာမေးပွဲ ၊ အင်တာဗျူး ဖြေဆိုခါနီး အနှောက်ယှက်တွေဝင်လာတတ်တယ် ။ ကျန်းမာရေးလဲ ညံ့တတ်ပါတယ် ။ ဂရုစိုက်ပါ ။

ကျန်းမာရေးကတော့ အညံ့ရှိပါတယ် ။ ကိုယ်တိုင်သာမက မိဘ အကြီးအကဲတွေပါ ကျန်းမာရေး ညံ့တတ်ပါတယ်ခင်ဗျာ...

လတ်တလောမှာတော့ ငွေဝင်မဲ့ကိန်းလေးတွေတော့ ရှိပါတယ်ခင်ဗျာ..




No, 2 ။ စီးပွားရေး အလုပ်အကိုင်တွေ အဘက်ဘက်မှာ ကောင်းမွန်လာလိမ့်မည် ။ မိမိအတွက်တတ်လမ်း ၊ အောင်မြင်မှုလမ်းစတွေပေါ်ပေါက်လာလိမ့်မည် ။ ပြဿနာအဟောင်းများပြန်လည်ဖြေရှင်းရတတ်ပါတယ် ။ ရည်ရွယ်ချက်များကိုလဲ အကောင်အထည်ဖော်ဆောင်နိုင်ပါလိမ့်မည် ။အပြိုင်အဆိုင် အနှောက်ယှက်တွေရှိပေမယ့်...မိမိက အနိုင်ရရှိပါလိမ့်မည် ။

မေတ္တာရေး ကောင်းမွန်ပါသည် ။ မိသားစုတွင် အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတတ်ပြီး အိမ်ထောင်ရှိသူများ သားသမီးရရှိနိုင်သည် ။ ဝေးကွာနေသူများ ပြန်လည်ဆုံတွေ့မည် ။ ချစ်သူမရှိသူများ ချစ်သူ ရရှိပါလိမ့်မည် ။ ဘဝအတွက် အရေးပါသော ဆုံးဖြဆ်ချက်များ ချမှတ်ရတတ်သည် ။ ငယ်ရွယ်သူများ မိမိအား စိတ်ဝင်စားနေသူများ ရှိနေတတ်ပါသည် ။

ပညာရေး ထူးခြားစွာအောင်မြင်မယ် ။ ရည်ရွယ်ချက်များအောင်မြင်မယ် ။ ဒီအချိန်မှာ ပညာရေးကလွဲပြီး ဘယ်အရာမှ ဦးစားမပေးတာ အကောင်းဆုံးပါပဲ ။

ကျန်းမာရေး အညံ့မရှိပါ ။ အသေးစားထိခိုက်မှုလေးတွေတော့ဖြစ်တတ်ပါတယ် ။ ယဥ်ကားမောင်းနှင်ရင် သတိထားပါခင်ဗျာ...

ဒီကာလမှာ ဘယ်အရာမဆို ပြတ်ပြတ်သားသား တိတိကျကျလုပ်ဆောင် စဥ်းစား ဆုံးဖြတ်ပါ ။



No, 3 ။ ကာလအတန်ကြာ သူတပါးအပေါ် မှီခိုလုပ်ကိုင်နေရာမှ ကိုယ်စွမ်းကိုယ်စနဲ့ မိမိမြတ်နိုးသော အလုပ်အကိုင်ကို လုပ်ကိုင်နိုင်လိမ့်မည် ။ အခက်ခဲများကိုလဲ ကျော်လွှားနိုင်မည်ဆိုတဲ့ အားမာန်သစ်များလဲ ပေါ်ပေါက်လာတတ်သည် ။
အစပိုင်းမှာ အခက်ခဲ အတားဆီးတွေရှိပေမယ့်...
အဆုံးမှာတော့ အောင်မြင်ပါလိမ့်မည် ။ လတ်တလောတော့ လာဘ်ပိတ်နေတတ်ပါတယ် ။

မေတ္တာရေး ကိုယ်သဘောကျတဲ့သူနဲ့အဆင်ပြေမည် ။ ချစ်သူရှိပြီးသူများ အသစ်ထက်ရနိုင်သည် ။ မိမိကို သဘောကျနေတဲ့သူတွေရှိနေတတ်သည် ။
ချစ်သူများအဖို့ အခက်ခဲများကို ရင်ဆိုင်ကျော်လွှားလိုက်ပါ ။ အိမ်ထောင်ရေးမှာ သားသမီးရရှိတတ်ပါတယ် ။ စန်းအလွန်ပွင့်နေ၍ အထင်လွဲခံရတတ်ပါသည် ။

ပညာရေး ဒီအချိန်မှာတော့ အချစ်ရေးကြောင့် ပညာရေး ​နှောင်နှေး ၊ ဆုံးရှုံးရတတ်ပါတယ်ခင်ဗျာ...ပညာရေးကိုပဲ ဦးစားပေးသင့်ပါတယ် ။

ကျန်းမာရေး ေရာဂါအဟောင်းများပြန်ပေါ်လာတတ်သည် ။ အစားမှားဆေးမှားဖြစ်တတ်ပြီး ဝမ်းပျက် ဝမ်းနာ ဖြစ်တတ်ပါတယ်ခင်ဗျာ...

Comments