မင်းရဲ့အစောင့်အရှောက်မှ မင်းအတွက်လမ်းညွှန်ချက်

မင်းရဲ့အစောင့်အရှောက်မှ မင်းအတွက်လမ်းညွှန်ချက်



Card - 1
ယခုကဒ်ကိုရွေးချယ်ထားတဲ့ မင်းဟာ မင်းရဲ့ ဘဝမှာ အမြဲ သူတစ်ပါး၏ မနာလိုတာ တိုက်ခိုက်တာတွေကို အမြဲ ကြုံရတက်တယ်နော် ။ မိသားစုကလည်းမင်းအပေါ် အမြင်မကြည်တာတွေ ရှိနေတက်တယ် ။အမြဲ တမ်းမင်းဟာ တစ်ယောက်တည်းလိုဖြစ်နေတက်ပြီး အထီးကျန်သလိုဖြစ်နေတက်တယ် ။ လူတွေကိုလည်းလွယ်လွယ်မယုံတက်သောသူဖြစ်တယ် ။

မင်းအတွက်လမ်းညွှန်ပေးချင်တဲ့အကြံပေးချက်လေးကတော့ဘယ်အရာကိုမှ မင်းအရမ်းဂရုမစိုက်ပဲ ။ မင်းလုပ်စရာရှိတာတွေပဲ မင်းဆက်လုပ်ပါ ။ ဘေးပတ်ဝန်းကျင်ကဘယ်လိုပဲပြောဆိုနေပါစေ မင်းလုပ်ရမယ့်အလုပ်တွေကို တစိုက်မတ်မတ်သာလုပ်ဆောင်မယ်ဆိုရင် မင်းအတွက် အဆင်ပြေမှု့တွေ ရောက်ရှိလာလိမ့်မယ် ။မိမိကိုယ်သာ အားကိုးရာဆိုတာ မင်းအတွက်ဖြစ်ပါလိမ့်မယ် ။


Card - 2
ယခုကဒ်ကို ရွေးချယ်ထားတဲ့ မင်းဟာမင်းရဲ့ဘဝကလေ အမြဲ အဆိုးတစ်လှည့် ကောင်းတစ်လှည့်အမြဲကြုံရသူဖြစ်တယ်နော် ။ ဘယ်တော့မှ အကောင်းတွေကြီးပဲ မရသလို အဆိုးတွေကြီးပဲ လည်း အမြဲ ကြုံနေရမှာမဟုတ်ဘူး ။မင်းဘဝက ရုပ်ရှင်တစ်ကားလိုပဲ အချ်ိုးအကွေ့တွေများလွန်းတယ် ။ မင်း ဘဝဟာ အမြဲ ရင်ဆိုင်မှု့တွေနဲ့ ဖြတ်သန်းရတက်တယ် ။

မင်းအတွက်လမ်းညွှန်ပေးချင်တဲ့အကြံပေးချက်လေးကတော့မင်းဘာပဲလုပ်လုပ် ဘေးလူတွေကိုတိုင်ပင်တာထက် မင်းလုပ်စရာရှိတာမင်းဟာမင်းပဲ တိတ်ဆိတ်စွာလုပ်ဆောင်ပါ ။ မင်းအကြံအစည်တွေကို ဘေးကိုချမပြနဲ့နော် သူများက ဦးသွားတာမျိုး မင်းအစီစဉ်တွေကိုဖျက်ဆီးခံရတာမျိုးဖြစ်တက်တယ် ။ မင်းအတွေး မင်းစိတ်ကူးနဲ့သာ အရာရာ ဆုံးဖြတ်ပြီးလုပ်ဆောင်ပါ ။


Card - 3
ယခုကဒ်ကို ရွေးချယ်ထားတဲ့ မင်းဟာ စကားပြောကောင်းသူထဲ မင်းကပါဝင်တယ်နော် ။မင်းက လက်တွေ့ အလုပ်ထက် အပြောတွေ ကပိုများတက်သူဖြစ်နေတယ် ။ စိတ်ကူးကောင်းတွေတော့ရှိပါရဲ့ လက်တွေ့ကျကျ မင်းမလုပ်ဆောင်နိုင်ဘူး ။ မင်းမှာအပေါင်းအသင်းများတာ မင်းအတွက် ဆုလာဒ်တစ်ခုပါပဲ ။

မင်းအတွက်လမ်းညွှန်ပေးချင်တဲ့အကြံပေးချက်လေးကတော့အပြောတွေလျော့ပြီး အရာရာကို လက်တွေ့လုပ်ဆောင်စေချင်ပါတယ် ။ မင်းသာ မင်းစိတ်ကူးတွေကို လက်တွေ့အကောင်ထည်ဖော်မယ်ဆိုရင် မင်းလုပ်သမျှ အရာရာအဆင်ပြေမယ့်သူမျိုးဖြစ်တယ်နော် ။ မင်းမှာ စိတ်ကူးစိတ်သန်း ကောင်းတွေရှိတယ် ထိုအရာတွေကို လက်တွေ့အသုံးချပါ ။