သင်က ဘယ်လိုလူလဲ ✨

သင်က ဘယ်လိုလူလဲ ✨



Pile 1
သင်ဟာ စိတ်နုတဲ့သူပါ။အားနည်းချက်တွေကို ချမပြတတ်တဲ့သူဖြစ်ပါတယ်။စိတ်ပိုင်းဆိုင်ရာ ထိရှလွယ်သူ ဆိုပေမဲ့ မြိုသိပ်ထားတတ်တယ်။အလှအပလဲ ကြိုက်မယ်လို့ မြင်ပါတယ်။ကျော့ကျော့မော့မော့လေး နေတတ်တယ်။ကိုယ့်ကိုကိုယ် ဂရုစိုက်သူလဲ ဖြစ်တယ်။ လက်ချောင်းလှတာလေးတွေဆို သဘောကျတတ်တယ်။
စကားပြောလဲ တိုးမယ်။ ဒါ့ကြောင့် တချို့လူတွေဆို နှစ်ခါမေးယူတတ်ကြရပါတယ်။ဘဝကို အေးအေးချမ်းချမ်းပဲ နေချင်သူမို့ တစ်ယောက်ထဲနေရတာ သဘောကျမယ်။

သံယောဇဉ်တွယ်လွယ်တယ်။လှပခဲ့တဲ့ အတိတ်တချို့လဲ ရှိနေတတ်ပါတယ်။Relationship ပိုင်းမှာ အချစ်ခံရတဲ့ သူလို့လဲ ပြောလို့ရပါတယ်။တစ်ယောက်ထဲချစ်ပြီး တစ်ယောက်ထဲနဲ့ လက်တွဲမြဲတတ်ပါတယ်။အနုအရွလေး နေရမဲ့ ကံကြမ္မာနဲ့မို့ အသက်ကြီးပိုင်းမှာ ပိုအဆင်ပြေလာတတ်ပါတယ်။


Pile 2
သင်က ရဲရင့်ပြတ်သားတဲ့ သူမျိုးဖြစ်ပါလိမ့်မယ်။ငွေရှာလဲတော်တဲ့ သူဖြစ်ပြီး အရည်အချင်းရှိသူ တစ်ဦးပါ။
အရောင်တောက်တောက်တွေ ကြိုက်တယ်။ ရဲရင့်ခြင်းကို ကိုယ်စားပြုတဲ့ အရာဝတ္တု ပစ္စည်းတွေကိုကြိုက်နှစ်သက်သူပါ။ဘက်စုံတော်တဲ့လဲ သူဖြစ်ပါလိမ့်မယ်။မိသားစုမှာ အားကိုးခံရသူလဲ ဖြစ်တယ်။ Relationship မှာလဲ support ပေးနိုင်မှုလဲ ကြီးတယ်။

‌ဒါပေမဲ့ အချစ်ရေးမှာတော့ အထီးကျန်နေရတတ်ပါတယ်။Relationship ပိုင်းမှာတော့ ညှိယူနေရတဲ့ အခြေအနေမျိုးတွေ့ပါတယ်။စိတ်ပြတ်သားတဲ့သူဖြစ်တာမို့ အများအမြင်မှာ သံယောဇဉ်မရှိတဲ့သူလို့လဲ ထင်ခံရတတ်ပါတယ်။အောင်မြင်မှု စန်းလဲ မြင်နေရတယ်။သင်က နိုင်ငံရပ်ခြားတွေနဲ့အကျိုးပေးပါတယ်။