General reading for May

General reading for May



Pile 1
Pile 1ရွေးထားတဲ့သူတွေအတွက်ကတော့ may လဟာဆိုရင်ဖြင့် ကိုယ့်အတွက် productive ဖြစ်မယ့် လတစ်လတော့ မဟုတ်ပါဘူး။ ဒီအချိန်ကတော့ ကိုယ့်အတွက် ကိုယ် အနားယူ အားမွေးဖို့အတွက် သင့်တော်တဲ့ အချိန်ဖြစ်ပါလိမ့်မယ်။ အချစ်ရေး စီးပွားရေး စသဖြင့် ဘယ်ကိစ္စမှာမဆို အသစ်လုပ်တာ ရင်းနှီးမြှုပ်နှံတာ စတာ‌တွေကို လုပ်ဖို့အတွက် မသင့်တော်ပါဘူး။ ကိုယ် တခုခုလုပ်ဖို့ ကြိုးစားနေတယ်ဆိုရင် ဒီလထဲမှာ အကောင်ထည်ဖော်ဖို့တော့ မသင့်တော်သေးပါဘူး။ ဒီလထဲမှာကတော့ ကြိုplanဆွဲထားတာမျိုး စလုပ်ဖို့တွက် ပြင်ဆင်ထားတာမျိုးကတော့ လုပ်သင့်ပါတယ်။

အချစ်ရေးအနေနဲ့ တဖက်လူအပေါ် တအားအစွဲလမ်းပိုတာမျိုးတွေကိုတော့ လျော့ချသင့်ပါတယ်။ အချစ်ရေးအနေနဲ့လည်း အဆင့်တက်တာမျိုးတွေ ဒီလထဲမှာဆိုရင်တော့ မလုပ်သေးရင် ပိုကောင်းပါလိမ့်မယ်။ တဖက်လူကြောင့် ကိုယ့်ကိုပါ စိတ်ဆင်းရဲစရာတွေ ကူးဆက်တာမျိုး တယောက်နဲ့တယောက် အထင်မြင်လွဲမှားတာ‌မျိုးလေးတွေလည်း ဖြစ်တတ်တာကြောင့် အထူးသတိပြုသင့်တဲ့ လတလပဲ ဖြစ်ပါလိမ့်မယ်။

စီးပွားရေးနဲ့ ပတ်သတ်လို့ကတော့ ကိုယ့်ဘက်က ကြိုးစားထားတာလေး‌တွေ ရင်းနှီးထားတာလေးတွေရှိရင် အကျိုးခံစားရမယ့် လတစ်လပဲဖြစ်ပါလိမ့်မယ်။စိီးပွားရေးကံနဲ့ ပတ်သတ်လို့ကတော့ မနိမ့်မမြင့် လေးရှိနေပါလိမ့်မယ်။ ငွေကြေးပိုင်းနဲ့ပတ်သတ်လို့ လုပ်ချင်တာလေးတွေရှိရင်တော့ ကိုယ့်ကို ကူညီပေးမယ့်သူတွေနဲ့ လိုအပ်တာလေးတွေ ရလာပါလိမ့်မယ်။ ဒါပေမယ့် အလျင်စလို စတင်တာမျိုးတော့ မလုပ်သင့်ပါဘူး။


Pile 2
Pile 2ရွေးထားတဲ့ သူ‌တွေအတွက်ကတော့ ဒီလက ကိုယ့်အတွက် ကံကောင်းမယ့် လတစ်လ ဖြစ်ပါလိမ့်မယ်။ ကိုယ်လုပ်မယ့် အရာရာမှာ support လုပ်မယ့် သူတွေနဲ့ ကြုံတွေ့ရပါလိမ့်မယ်။ ရုပ်ပိုင်းဆိုင်ရာတော့ နာမ်ပိုင်းဆိုင်ရာရော အထောက်ပံ့ကောင်းတွေ ရရှိနေမယ့် လတစ်လပဲဖြစ်ပါလိမ့်မယ်။ ကိုယ်တိုင်ကလည်း အရာရာ ‌ကောင်းတဲ့ ဘက်ကမြင်နိုင်ပြီးတော့ energy အပြည့်နဲ့ ဖြစ်နေတာမျိုး တွေ့ရပါတယ်။

အချစ်ရေးနဲ့ ပတ်သတ်လို့ကတော့ Rsရှိတဲ့ သူတေါဆိုရင် နှစ်ယောက်သားမှာ ကိုယ်တိုင်ဖြေရှင်းစရာလေးတွေနဲ့ တယောက်ကိုတယောက် ဂရုမစိုက်ပေးနိုင်တာလေးတွေဖြစ်တတ်ပါတယ်။ crush ရှိတဲ့ သူတွေကတော့ crush က စိမ်းကာတာလေးတွေ အသိမှတ်မပြုသလို ခံစားရတာမျိုးလေးတွေရှိတတ်ပါတယ်။ အတွေးလွန်တာနဲ့ တဖက်လူအပေါ် တဖက်သတ်အထင်လွဲတာမျိုးလေးတွေ ရှိတတ်တာကြောင့် အချစ်ရေးနဲ့ ပတ်သတ်လို့ကတော့ ဂရုစိုက်သင့်တဲ့ လတစ်လပဲဖြစ်ပါတယ်။

စီးပွားရေး ငွေကြေးပိုင်းနဲ့ ပတ်သတ်လို့ကတော့ လက်ဆောင်ရတာ မဲပေါက်တာမျိုးလေးတွေ စသဖြင့် ကံကောင်းမှုလေးတွေ ကြုံတွေ့ရတတ်ပါတယ်။ မိတ်ဆွေအပေါင်းသင်းနဲ့ တွဲလုပ်တဲ့ အလုပ်လေးတွေကနေ အောင်မြင်မှုလေးတွေရတတ်ပါတယ်။ သတိထားသင့်တာကတော့ ကိုယ်လုပ်သမျှ တိတိကျကျလေးနဲ့ တာဝန်ကျေ‌ကျေလေး လုပ်ဆောင်သင့်ပါတယ် ။ပေါ့ပေါ့လျော့လျော့ လုပ်မိတာမျိုး မဖြစ်အောင် ဂရုစိုက်သင့်ပါတယ်။