ဘုံမတူတော့တဲ့ မိသားစုဝင်ဖြစ်ခဲ့ဖူးသူတွေရဲ့ Messages

ဘုံမတူတော့တဲ့ မိသားစုဝင်ဖြစ်ခဲ့ဖူးသူတွေရဲ့ Messages



Pile 1.
မင်းမှာ ဝန်ထုပ်ဝန်ပိုးတွေ၊မနိုင်ဝန်တွေ ထမ်းထားရလို့ Stress တွေ များနေကြတယ်။ Boundaries ထားပြီး ကိုယ့်အတွက်ကိုယ်ကြည့်၊နိုင်သလောက်ပဲ ဝန်တွေထမ်းပါ။ အခွင့်အရေးအသစ်တွေလည်း ရောက်လာဖို့ရှိတာမို့ သေချာ focus လုပ်ဖို့လိုတယ်။ စိတ်လေလွင့်တာတွေကြောင့် လွတ်သွားခဲ့တဲ့အခွင့်အရေးတွေရှိတာကြောင့် ထပ်မဖြစ်ရလေအောင် သတိထားနော်။ မင်းက အများကြီးတော်ပြီး လုပ်နိုင်စွမ်းရှိတာမို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့လိုတယ်။လုပ်နေရင်းကို ငါလုပ်နိုင်ပါ့မလား သံသယဝင်တာတွေလျော့ပြီး ကိုယ့်လုပ်နိုင်စွမ်းကို ယုံကြည်ပါ။ မင်းကို ကြည့်ရှုစောင့်ရှောက်နေတာမို့ မင်းတစ်ယောက်ထဲမဟုတ်ပါဘူး။

အလုံးစုံမဟုတ်ရင်တောင် ငါတို့တက်နိုင်တာမျိုးနဲ့ စောင့်ရှောက်ပေးနေပါတယ်။ မင်းနားကို ကောင်းတဲ့လူတွေ၊ ချစ်ခြင်းတရားတွေပဲ ရောက်အောင် ငါတို့ လုပ်ပေးနေတယ်။ စိတ်ကူးတွေယဥ◌်နေတာထက် ပိုပြီး လက်တွေ့ကျကျ အသုံးချလုပ်ဆောင်ဖို့လည်းလိုသေးတယ်။ စိတ်ကူးအတွေးတွေပဲ ထိုင်တွေးနေလို့မရဘူးရယ်။ Action ပါမှ ဖြစ်လာမှာ။ နောက်ပိုင်း မင်း life က ပိုပြီးလည်း ဘဝက ဟန်ချက်ညီပြီး အဆင်ပြေလာမှာမို့ အဲ့အတွက်ကိုလည်း မင်းကိုယ်တိုင် ဖန်တီးဆေးခြယ်ရမယ်။ ဘဝက ပင်ပန်းလိုက်တာလို့ မတွေးပါနဲ့။ အနာခံမှ အသာစံရမယ်။ တစ်ဆင့်ချင်းတက်မှ လိုချင်တဲ့ပန်းတိုင်ရောက်မယ်။ 

မင်းကြိုးစားတာတွေအတွက်လည်း မင်းကို appreciate လုပ်တယ်။မင်းအရမ်းတော်ပါတယ်။ ပင်ပန်းနေပေမဲ့ အားမလျော့စေချင်ဘူး။ မင်းလိုချင်တာတွေရဖို့၊ မင်းလိုချင်တဲ့ဘဝရောက်ဖို့ နီးလာပြီ။ ကျရှုံးမယ်၊ကြန့်ကြာမယ် ဒါတွေရှိလို့ အားမပြတ်နဲ့။ ကောင်းမွန်တာတွေ ရောက်လာတော့မှာပါ။

Admin's Suggestion - Negative pattern,negative thoughts တွေထဲက ရုန်းထွက်ပါ။ Metime ယူပါ။ Boundaries ထားပါ။ မင်းရဲ့အရှိအတိုင်းကို လက်ခံပါ။ crystal လေးတွေဆောင်ပြီး သူတို့ရဲ့ ability ကို လက်ခံရယူပါ။ လိပ်ပြာလေးတွေ မြင်တာရင် မင်းအတွက် Blessing တွေရောက်လာတော့မဲ့ Sign ပါ


Pile 2
မင်းမှာ တက်လမ်းပိတ်နေတယ်။ရပ်တန့်နေတယ်။ ငါလုပ်သမျှက အဆင်မပြေ ဖြစ်နေတယ်ဆိုတဲ့စိတ်လေးကို လျော့ထား။စိတ်ပိုင်းဖြတ်ထားတာတွေလုပ်လိုက်သင့်တယ်။ မင်းမှာအခက်အခဲတွေကို ရင်ဆိုင်အံတုနိုင်ပြီးသား။ လူတွေကို စိတ်ဖွင့်ပြီး ယုံကြည်ဖို့လိုနေတယ်။ ဆွဲကိုင်ထားတဲ့ ဓာတ်ပြားဟောင်းဇာတ်လမ်းတွေ၊ trauma တွေထဲပဲ တစ်ဝဲလည်လည်နဲ့ ဒီ pattern ထဲက အပြည့်အဝထွက်ဖို့ မကြိုးစားဘူး။ကိုယ်စတင်ထားတဲ့လမ်းကို ပြီးဆုံးအောင်လျှောက်ပါ။ ဘေးမှာကောင်းတဲ့အရာတွေရှိရက် ဥပေက္ခာ ပြုပြီး negative တွေကိုပဲ ကြည့်နေတယ်။ မျိုသိပ်တာတွေ ဖွင့်ထုတ်ဖို့ ကြိုးစားကြည့်သင့်တယ်။ နာကြည်းတာတွေကို သင်ပုန်းချေလိုက်ပါ။ မင်းအတွက် ပျော်စရာ အခိုက်အတန့်တွေရှိသေးလို့ ဒီ pattern ထဲက ထွက်လာမှ ရမယ်။ ခဏအနားယူပါ။ လုပ်စရာရှိတာတွေလုပ်ပါ။

 ကြန့်ကြာနေတာတွေ မပြီးဆုံးသေးတဲ့ plan တွေ goals တွေ ကို ပြီးအောင်လုပ်။ ကိုယ့်ကိုယ်ကို နားလည်ဖို့လည်းလိုတယ်။ ကိုယ့်အတွင်းစိတ်ထဲက ကိုယ်ဘယ်အရာကို လိုချင်နေလဲရှာဖွေ။ လုပ်စရာရှိတာတွေမလုပ်ပဲ ရှောင်ပုန်းမနေနဲ့။ trauma တွေကို healing လုပ်ပါ။ နှလုံးသားနဲ့ လူတွေကို ချစ်ခင်ယုံကြည်ကြည့်။သဘာဝတရားနဲ့ connect ပိုလုပ်။ healthy ဖြစ်တဲ့ way နဲ့ ပျော်စရာတွေဖန်တီးပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်ပြီး ကိုယ့်အတွက်ဆိုတဲ့ အရာတွေကို ရှာဖွေပါ။ ဘဝရဲ့ အခန်းကဏ္ဍတိုင်း ကို ဟန်ချက်ညီအောင် balance လုပ်ဖို့လိုတယ်။ လက်လွှတ်စရာရှိတာတွေလွှတ်ပြီး acceptance ရှိဖို့လိုတယ်။

 တုံ့ဆိုင်းမနေနဲ့။ ကောင်းမွန်တာတွေဖြစ်လာဖို့ surrender ချပြီး လက်ခံသင့်တာ လက်ခံ။ အဆိုးတွေက ကောင်းဖို့အတွက်ပါ။ Go with the flowAdmin's Suggestion - Spiritual awakening ဖြစ်ပြီးသူများ or awakening ဖြစ်ဖို့ရှိပါတယ်။ Aura Cleansing နဲ့ healing အတွက် sound healing လေး လုပ်ပါ။ exercise တစ်ခုခုလုပ်တာမျိုး၊ ယောဂ ကစားတာမျိုးလုပ်သင့်ပါတယ်။ အခန်း၊အိမ်ရှင်းပါ လေဝင်လေထွက်ကောင်းပြီး မွှေးရနံ့ထားတာ ကောင်းပါတယ်။


Pile 3
မင်းတို့ကို အပြည့်အဝ နောက်ကနေ support ပေးနေတယ်။ ငွေကြေးပိုင်းနဲ့ပတ်သက်ပြီး အဓိကsupport ပေးနေတယ်။ မရှိတဲ့အချိန် သုံးစရာပေါ်လာတာဖြစ်တဲ့ထိ support လုပ်ပေးနေတယ်။ သို့ပေမဲ့ ရုပ်ဝတ္ထုတွေပေါ်မှာ ‌attachment တွေများပြီး လောဘတွေကို လျော့သင့်တယ်။ ငွေကြေးနဲ့ ပူလောင်တာအရမ်းများတယ်။ ငွေနောက်လိုက်တဲ့အကျင့်ကို ဖျောက်ရမယ်။ ငွေနောက်ကို မလိုက်ပဲ ငွေက ကိုယ့်နောက်လိုက်ဖို့ Mindset လိုနေသေးတယ်။ ငွေကြေးဆုံးရှုံးတာ ဖြစ်နိုင်တာမျိုးရှိနိုင်လို့ အယုံမလွယ်ပါနဲ့။ intuition ကောင်းတဲ့သူမို့ ကိုယ့်intuition ကို ကိုယ်ယုံပါ။

ငါတို့ဘက်က အိမ်မက်တွေ ပေးနေတာမျိုးအပြင် ဂရုစိုက်ရမှာမျိုးဆို လာပြီး intuition လမ်းပြပြောပြတာတွေ ဂရုစိုက်ပေးပါ။ inner voice က အသံကိုနားထောင်ပြီး လျစ်လျူရှုထားတယ်။ လုပ်ချင်တာလုပ်တယ်။ အ‌ကြောက်တရားတွေလက်ကိုင်ထားတုန်း။ ငုပ်လျှိုးနေတဲ့ မင်းရဲ့ အရည်အချင်းတွေရှိသေးတယ်။ မင်းရဲ့ability ကို ယုံ၊ မင်းရဲ့ ability က ဘာလဲရှာဖွေပြီး အဲ့တာတွေ အသုံးချပါ။ Toxic situation တွေကို neglect လုပ်ပါ။ ရှောင်ပါ။ အဲ့တာက မင်းရဲ့ vibration ကို ကျစေတယ်။

ကိုယ့်ဆန္ဒတွေကို manifest လုပ်ပါ။ Self-love များများမွေးပြီး ကိုယ့်ကို ဖျက်စီးစေနိုင်တဲ့ အမူအကျင့်တွေကို ဖျောက်ပါ။ မလိုတဲ့အရာတွေ အာရုံထားတာလည်းများနေသေးတယ်။ ပျက်စီးနေတာတွေ၊အဆိုးတွေပဲ ကြည့်ပြီး စိတ်ကို ဟိုလွင့်ဒီလွင့်နဲ့ လုပ်စရာကျ ဘာမှထမလုပ်ဖြစ်ဘူး။ အနာဂတ်အတွက် ပိုကောင်းတာ‌တွေ ဖြစ်လာမဲ့အဖြစ်အပျက်တွေမို့ ဒါတွေကနေ သင်ခန်းစာယူရမယ်။ အတိတ်တွေကို အတိတ်လိုထားပြီးအရှေ့ကိုဆက်ပါ။ ထိခိုက်လွယ်တဲ့ မင်းစိတ်လေးကို strong ဖြစ်အောင် သတိလေးချပ်ပြီး ပြုပြင်ရမယ်။

တရားများများထိုင်ပါ။ မင်းလိုချင်တာဖြစ်ဖို့ မင်းလိုချင်တဲ့ဘဝရဖို့ ကိုယ်တိုင်ထလုပ်ပြီး လွှတ်ချသင့်တာ လွှတ်ချနိုင်မှရမယ်။မင်းရဲ့ Circle ကို ကျုံ့နိုင်သမျှ ကျုံရမယ်။ toxic environment ကနေ ရုန်းထွက်နိုင်ရမယ်။ Mindfulness လည်းရှိဖို့လိုတယ်။ အခက်အခဲတိုင်းမှာဘယ်လောက်ရိုက်ချပါစေ ၊ ပြန်ထနိုင်ဖို့ မင်းကိုယ်တိုင် ကြိုးစားမှရမယ်။

Admin's Suggestion - သစ်ပင်တွေ အပင်တွေများများစိုက်ပါ။ Nature နဲ့ connect လုပ်ပါ။ နေ့စဥ် ကျေးဇူးတင်မှတ်တမ်း (Gratitude list) ရေးပါ။ Positive affirmations များများရွတ်ပါ။ ကိုယ့်ရဲ့ Inner voice, inner ability ကို ရှာဖွေပါ။ Chakra healing လုပ်ပါ။